
ရန်ကုန် ဒီဇင်ဘာ ၁၂
သတင်းနှင့် စာနယ်ဇင်းဝန်ထမ်းဟောင်းများအသင်း၊ ဆရာသမားများနှင့် အသက်(၈၀)နှင့်အထက် အသင်းဝင်ဝန်ထမ်းဟောင်းများ သက်ကြီးပူဇော်ပွဲအတွက် ဦးအောင်လင်း - ဒေါ်ခင်သန်းနွဲ့(ဆရာခို/ဓောဓံဓ) တိုင်းရင်းဆေး ထုတ်လုပ်ရေးက အလှူငွေကျပ် ၁၀ သိန်း နှင့်(ဆရာခို/ဓောဓံဓ)တိုင်းရင်းဆေးမျိုးစုံ၊ ဦးမြင့် လွင်-ဒေါ်မြညွန့် (ဝန်ထမ်းဟောင်း) က အလှူ ငွေကျပ် တစ်သိန်း၊ ဦးလှိုင်ဝင်း(စာတည်းမှူးချုပ်- ငြိမ်း)က အလှူငွေကျပ် ငါးသောင်း၊ ဦးခင်မောင် ကျော်ဒင်(စာတည်းမှူးချုပ်-ငြိမ်း)- ဒေါ်ခင်စောမူ က အလှူငွေကျပ် သုံးသောင်း၊ ဦးညွန့်ဇော်- ဒေါ်မိုးမိုးအောင်က အလှူငွေကျပ် နှစ်သောင်း၊ ဦးတင်စိုး - ဒေါ်လှလှအေးက အလှူငွေကျပ် တစ်သောင်း၊ ဦးကျော်မြင့် - ဒေါ်သန်းအေး (မိုးကောင်း - ကချင်ပြည်နယ်) က အလှူ ငွေကျပ် တစ်သောင်း၊ ဦးစံရွှေ (ဝန်ထမ်း ဟောင်း)က အလှူငွေကျပ် ငါးထောင်နှင့် ဒေါ်ယဉ်ညိုက အလှူငွေကျပ် သုံးထောင် စုစုပေါင်းအလှူ ငွေကျပ် ၁၂၃၈၀၀၀ နှင့် (ဆရာခို/ဓောဓံဓ) တိုင်းရင်းဆေးမျိုးစုံတို့ကို ဒီဇင်ဘာ ၁၁ ရက်တွင် အသင်းရုံးခန်း၌ လှူဒါန်းပေးအပ်ရာ အသင်းဥက္ကဋ္ဌ ဦးမြင့် ဆွေနှင့် အမှုဆောင်များက လက်ခံယူ သည်။
ကန်တော့ခံသက်ကြီးအသင်းဝင်များနှင့် အသင်းဝင်ဝန်ထမ်းဟောင်းများ အနေဖြင့် ဖိတ်စာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အခမ်း အနားသို့ (မပျက်မကွက်) တက်ရောက်ကြရန် လည်း အမှုဆောင်များက ဖိတ်ကြားထား ကြောင်း သိရသည်။
အေးသန်း(စိန်တုံးကြီး)