သတင်းမီဒီယာသမား အသိအမှတ်ပြုကတ်ပြား အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

 

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်        နိုင်ငံပိုင်မီဒီယာများ၊ ပြည်တွင်းပုဂ္ဂလိကမီဒီယာများနှင့်   ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းမီဒီယာများအနေဖြင့်   သတင်းများရယူရာတွင် အဆင်ပြေ ချောမွေ့စေရေးနှင့် သတင်းစာရှင်းလင်းပွဲများအပါအဝင် အခမ်းအနား များဖိတ်ကြားရာတွင်   လွယ်ကူလျင်မြန်စေရေးအတွက်  သတင်း မီဒီယာသမားအသိအမှတ်ပြုကတ်ပြားများကို   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စိစစ်၍   ခွင့်ပြုထုတ်ပေးလျက်ရှိ ပါသည်။ 

 


သတင်းမီဒီယာသမား  အသိအမှတ်ပြုကတ်ပြားများကို ၂၀၂၁ ခုနှစ်၊ မတ်လမှစတင်၍ ထုတ်ပေးခဲ့ရာ သက်တမ်း (၁)နှစ် သတ်မှတ် ထားရှိခဲ့ပါသည်။ သက်တမ်းကုန်ဆုံးနေပါက  သတင်းမီဒီယာသမား များ အသိအမှတ်ပြုကတ်ပြားများကို အသစ်လဲလှယ်ရမည်  ဖြစ်ပါ သည်။ 

 


သတင်းမီဒီယာသမားအသိအမှတ်ပြုကတ်ပြား   သက်တမ်း ကုန်ဆုံးပါက  သတ်မှတ်ပုံစံနှင့်အတူ  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြာရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊    မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့ အသိအမှတ်ပြုကတ်ပြား အသစ်လဲလှယ်နိုင်ရေး လာရောက်ဆောင်ရွက်နိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။

 


အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း ၀၁-၅၄၁၄၁၃၊ ၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃၊ iprd.crd.ygn@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


ပြန်ကြားရေးဝန်ကြီးဌာန