သတင်းအမှားများကို နားယောင်ပြီး ဆုံးဖြတ်ချက်အမှား၊ ရည်ရွယ်ချက်အမှား၊ စေတနာအမှား စသည့်အမှားများစွာ ဖြစ်ပေါ်လာနိုင် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် သတင်းအမှားများကို ဆင်ခြင်သိ၊ တွေးတောသိဖြင့် ကြိုတင်တားဆီးကာကွယ်ရမည်

 

မန္တလေး   ဖေဖော်ဝါရီ    ၉ 
(၇၇) နှစ်မြောက်   ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့ တော်    စည်ပင်သာယာရေးကော်မတီ အကြိမ်(၂၀)မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့်   ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရတနာပုံဥယျာဉ် အတွင်း (၁၂ - ၈၀)လမ်းထောင့် ၌ ကျင်းပ သည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ် တော်တရားသူကြီးချုပ်၊ မန္တလေးတပ်နယ် မှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် မန္တလေး မြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Chen Chen၊ တိုင်းဒေသကြီး၊ ခရိုင် နှင့် မြို့နယ်အဆင့်    ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံ ပညာကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများ၊ ပြပွဲ၊ ပြိုင်ပွဲတွင် ပါဝင်ကြသူများ၊ ပျိုးဥယျာဉ် လုပ်ငန်းရှင်များ၊ ပန်းပညာရှင်အသင်းများ မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ဦးစွာ        ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊    တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေးမြို့တော်   စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ   မန္တလေး မြို့တော်ဝန်၊   မန္တလေးတပ်နယ်မှူး၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူးတို့က အခမ်း အနားကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက်   ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်   တက် ရောက်လာကြသူများက    ဌာနဆိုင်ရာ ပြခန်းများ၊ အသေးစား၊   အငယ်စားနှင့် အလတ်စား (MSME) ပြခန်းများ ၊ ပျိုးပင် အရောင်းဆိုင်ခန်းများ၊     ပြိုင်ပွဲဝင်ဆုရ ဟင်းသီးဟင်းရွက်နှင့်      သစ်သီးဝလံ ပန်းမန်ပြခန်းများကို     လိုက်လံကြည့်ရှု အားပေးပြီး တက်ရောက်လာသူများအား ပျိုးပင်များ  အခမဲ့ဝေငှပေးသည်။
အဆိုပါပြပွဲ၊ ပြိုင်ပွဲတွင် ဌာနဆိုင်ရာ ပြခန်း ၁၃ အခန်း၊  MSME ပြခန်း  ခြောက် ခန်း၊ ပျိုးပင်ပန်းပင်အရောင်းဆိုင် ၁၁ ဆိုင် နှင့် အခြားဈေးဆိုင်ခန်းများ   ပါဝင်ပြသ  ကြောင်း သိရသည်။
ဆွေးနွေးပြောကြား 
မွန်းလွဲပိုင်းတွင်     ပြည်ထောင်စု ဝန်ကြီးသည် မိတ္ထီလာတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည့် မိတ္ထီလာမြို့ရှိ တက္ကသိုလ်နှင့်     ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများအား “တားဆီး ကာကွယ် မီဒီယာအဆိပ်သင့်မှု အန္တရာယ်”  နှင့်    “ နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍ”   ဆွေးနွေးပွဲသို့  တက်ရောက်ဆွေးနွေး  ပြောကြားသည်။
ဆွေးနွေးပွဲသို့ မိတ္ထီလာရှိ တက္ကသိုလ် ကောလိပ်များမှ ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူး များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့်   တက္ကသိုလ်၊ ကောလိပ်ဒီဂရီများမှ      ကျောင်းသား ကျောင်းသူများ၊   ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အစီအစဉ်အရ   မိတ္ထီလာတက္ကသိုလ် ကျောင်းသား       ကျောင်းသူများက “လှမ်းလာခဲ့ပါ ထီလာမြေ” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး    “တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်” နှင့် “နိုင်ငံ တော်တည်ဆောက်ရေးနှင့်   မီဒီယာ၏ အခန်းကဏ္ဍ”  မှတ်တမ်းဗီဒီယိုတို့ကို ပြသ သည်။ (အောက်ပုံ)
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော် တည်ဆောက်ရေးတွင်   မီဒီယာများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါ ကြောင်း၊     ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထုအား ပြန်ကြားပေး ရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန် ဟူသည့် မူဝါဒသုံးရပ်ဖြင့် ဆောင်ရွက်နေ ပါကြောင်း၊ ယခုကဲ့သို့လာရောက်ဆွေးနွေး ပြောကြားခြင်းမှာ      အသိပညာပေးရန် ဟူသည့် ဝန်ကြီးဌာန၏   တာဝန်တစ်ရပ် တွင် ပါဝင်ပါကြောင်း။
 နိုင်ငံတော်တည်ဆောက်ရေးအတွက် မီဒီယာနည်းလမ်း၊  ပြည်သူ့ဆက်ဆံရေး နည်းလမ်းကောင်းများဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ဆောင်ရွက်ရမည်မှာ မိမိတို့ ဝန်ကြီးဌာန၏ တာဝန်ပင်ဖြစ်ပါ ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာ ပြောင်းလဲတိုးတက်လာသည့် ခေတ်ဖြစ် သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမားရိုးကျမီဒီယာများ   (Traditional Media) များအပြင် New Media များဖြင့်ပါ   မိမိတို့ဝန်ကြီးဌာန၏  သတင်းမှန်များကို ပိုမိုထိရောက်   ပျံ့နှံ့ကျယ်ပြန့်အောင် ထုတ်လွှင့်လျက်  ရှိပါကြောင်း၊  ကျောင်း သား ကျောင်းသူများအနေဖြင့်  ခေတ်မီ တိုးတက်လာသည့်   နည်းပညာများကို   မျက်ခြည်မပြတ်ရန် လိုအပ်ပါကြောင်း။
လူငယ်များအနေဖြင့်    နောင်တွင် ပညာပြည့်ဝသောလူရည်ချွန်၊ လူရည်မွန် များ  ဖြစ်ပေါ်လာစေရေးအတွက်  ယခု အချိန်ကပင် ကောင်းမွန်သောအသိတရား များ မွေးမြူကြရန်   လိုအပ်ပါကြောင်း၊ ဤသို့  ဖြစ်ရန်အတွက်   သတင်းအချက် အလက်အမှန်များသိရှိရန်   လိုအပ်ပါ ကြောင်း၊ သတင်းအဆိပ်သင့်မှုအန္တရာယ် သည်   မိမိတို့၏  နေ့စဉ်လူမှုစီးပွားဘဝ ကို   များစွာသက်ရောက်နေပါကြောင်း၊ သတင်းအမှားများကို    နားယောင်ပြီး ဆုံးဖြတ်ချက်အမှား၊ ရည်ရွယ်ချက်အမှား၊ စေတနာအမှား   စသည့်အမှားများစွာ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊   ထို့ကြောင့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ် များအနေဖြင့်       သတင်းအမှားများကို ဆင်ခြင်သိ၊ တွေးတောသိဖြင့်  ကြိုတင် တားဆီးကာကွယ်ရမည် ဖြစ်ပါကြောင်း။
မီဒီယာ၏တန်ဖိုးကိုသိရှိနားလည်
ယနေ့နိုင်ငံတော်တွင်   ဖြစ်ပေါ်နေ သော အကြမ်းဖက်မှုများသည် ဆင်ခြင် တုံတရားကင်းမဲ့၍ ဖြစ်ပေါ်လာခြင်းဖြစ်ပါ ကြောင်း၊ မိမိအနေဖြင့်  ပြည်တွင်းတွင် သာမက ပြည်ပနိုင်ငံများသို့ပါ   နိုင်ငံ၏ ပကတိအခြေအနေများ၊   နိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်ဖြစ်ထွန်း ပြောင်းလဲမှု များကို ပြည်တွင်း/ ပြည်ပမီဒီယာများနှင့် ချိတ်ဆက်ပြီး မီဒီယာနည်းလမ်းပေါင်းစုံ ဖြင့် ထိရောက်ပျံ့နှံ့အောင်   လုပ်ဆောင် လျက်ရှိပါကြောင်း၊   မိမိတို့ဝန်ကြီးဌာန သည် နုပျိုသစ်လွင်၍ ခေတ်မီသောမူဝါဒ ဖြင့် ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်က ပညာရေးကဏ္ဍနှင့်လူငယ် အခန်းကဏ္ဍတို့ကို ပိုမိုမြှင့်တင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဆရာ ဆရာမများ သည်လည်း နိုင်ငံတော်၏ အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်များကို‌ မွေးထုတ် ပေးသည်ဖြစ်၍ တန်ဖိုးထားပါကြောင်း၊  နိုင်ငံတော်တည်ဆောက်ရေး     တာဝန် ထမ်းဆောင်    နေကြသူများဖြစ်သည့် အတွက် မီဒီယာ၏တန်ဖိုးကိုသိရှိနားလည် ပြီး  ကောင်းစွာအသုံးချရန်    လိုအပ်ပါ ကြောင်း။
လာမည့်အနာဂတ်နိုင်ငံတော်ကို ပခုံး လွှဲပြောင်း   တာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား ကျောင်းသူများသည် နိုင်ငံ တော်၏   ရတနာများဖြစ်သည့်အတွက် သတင်းမီဒီယာ၏တန်ဖိုးကို သိရှိနားလည် ပြီး နေ့စဉ်လူမှုဘဝအကျိုးရှိအောင် အသုံးချ ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် မိတ္ထီလာပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းသား ကျောင်းသူများ က “ပြည်ထောင်စုသွေး” တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး က အခမ်းအနားသို့ တက်ရောက်လာကြ သည့် ဆရာ  ဆရာမများနှင့်   ကျောင်းသား ကျောင်းသူများ၊   ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား   MRTV   DTH စလောင်း ငါးစုံနှင့် DVB T2 Set Top Box အလုံး  ၁၀၀ တို့ကို    ကံစမ်းမဲဖောက်၍ ပေးအပ်သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမကြီး များ၊  ကျောင်းသား   ကျောင်းသူများနှင့်  စုပေါင်းမှတ်တမ်းတင်   ဓာတ်ပုံရိုက်ပြီး   ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းများ မှ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းဆွေးနွေးပွဲသို့        မိတ္ထီလာ တက္ကသိုလ်၊        ကွန်ပျူတာတက္ကသိုလ်၊  နည်းပညာတက္ကသိုလ်၊  လေကြောင်းနှင့် အာကာသတက္ကသိုလ်၊      စီးပွားရေး တက္ကသိုလ်၊    အစိုးရစက်မှုလက်မှုသိပ္ပံ၊ ပညာရေးဒီဂရီကောလိပ်၊     သူနာပြု သင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့်  ပါမောက္ခ၊ ဌာနမှူးများ၊  ဆရာ    ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း တက္ကသိုလ်  /  ဒီဂရီကောလိပ်ကျောင်း  ရှစ်ခုတို့မှ   ကျောင်းသား   ကျောင်းသူ   ၇၁၀  နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ပြည်သူလူထုများ တက်ရောက်ခဲ့ကြ သည်။                               သတင်းစဉ်