
နေပြည်တော် မတ် ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း(မအူပင်)၌ သတင်းအမှား အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါသင်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ မအူပင်ခရိုင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်တင်သူဇာလှိုင်က သတင်းအမှားအမှန် ခွဲခြား သုံးသပ်နိုင်ရေးနှင့် Social Network အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက် များကို အသိပညာပေးဟောပြော သည်။
ထို့နောက် မအူပင်ခရိုင် အားကစားနှင့် ကာယပညာဦးစီး ဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်မြင့်က လူငယ်နှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သိကောင်းစရာများကို ဟောပြောဆွေးနွေးသည်။
အခမ်းအနားသို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး ရေးသင်တန်းကျောင်း (မအူပင်)မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်း သား ကျောင်းသူများ တက်ရောက် ကြောင်း သိရသည်။
သတင်းစဉ်