သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး

 

စစ်ကိုင်း   မတ်   ၁၈    


နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတို့ ပူးပေါင်း၍ သတင်းအမှား၊ သတင်း အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့်    မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကို ပြည်ထောင်စုတိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင် ခန်းမ၌  ယနေ့ နံနက် ၁၀ နာရီခွဲတွင် လည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ   စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင် ခန်းမ၌ မွန်းလွဲ ၁ နာရီတွင် လည်းကောင်း ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ကုသ၊  ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ  ကျင်းပသည်။

 


အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ စစ်ကိုင်း ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းခဲ့မှု၊ လူမှုမီဒီယာများ၏ ကောင်းကျိုး၊ ဆိုးကျိုးများ အပြုသဘောဆောင်သည့် မီဒီယာများအကြောင်းကို အသေးစိတ်  ဆွေးနွေး ပြောကြားသွားသည်။   တက်ရောက်လာကြသည့် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် သတင်းများကို အမှား၊ အမှန် ခွဲခြား သုံးသပ်နိုင်စေရန်၊    လူမှုကွန်ရက်စာမျက်နှာများ ပေါ်တွင် ဖော်ပြလျက်ရှိသော သတင်းများကို နည်း ပညာများ အသုံးပြု၍ အမှား၊ အမှန် ခွဲခြားသုံးသပ် နိုင်မှုများအပြင် စာပေဖတ်ရှုလေ့လာအား ကောင်းမွန် ခြင်းဖြင့်   အကျင့်စာရိတ္တကောင်းမွန်လာစေသည့် အကျိုးရလဒ်များ၊ မိမိတို့  ရည်မှန်းချက်ဖြစ်သည့် အဆင့်မြင့်ပညာများကို ပြီးမြောက်အောင် ကြိုးပမ်း သင်ကြားသွားရမည့် အကြောင်းများကို ထည့်သွင်း ဆွေးနွေးဟောပြောသည်။

 


ဆက်လက်ပြီး   စစ်ကိုင်းခရိုင်   ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူး အောင်ကျော်စိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါး များအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံအတွင်း   မူးယစ် ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ နိုင်ငံ တကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို အသိပညာပေး ဆွေးနွေးဟောပြောပြီး  တက်ရောက်လာကြသည့် ဆရာ၊ ဆရာမ၊ ဝန်ထမ်း၊ ကျောင်းသား၊ ကျောင်းသူ များက သိရှိလိုသည်များ   မေးမြန်းဆွေးနွေးကြ ကြောင်း သိရသည်။                          

သတင်းစဉ်