သတိပေးနှိုးဆော်ချက်

 

(၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအား ၂၇-၃-၂၀၂၂ ရက်နေ့တွင်ကျင်းပပြုလုပ် မည်ဖြစ်သဖြင့်  အဆိုပါနေ့ရက်တွင် ရန်ကုန်-မန္တလေးလမ်းဟောင်း ၊ ပျဉ်းမနားမြို့နယ်၊ ဘောဂသီရိ မီးပွိုင့်မှ ဇေယျာသီရိမြို့နယ် သိုက်ချောင်းလမ်းဆုံမီးပွိုင့်အထိ  ယာဉ်သွားလာမှုအား  နံနက် (၀၀:၀၅) အချိန်မှ (၁၀:၀၀) အချိန်အထိ   ခေတ္တလမ်းပိတ်/လမ်းလွှဲ  ဆောင်ရွက်မည်ဖြစ်သဖြင့် မော်တော်ယာဉ် မောင်းနှင်သွားလာနေကြသည့်  ယာဉ်မောင်းများအနေဖြင့်   ၎င်းနေ့တွင်   နေပြည်တော်-ဇေယျာသီရိ မြို့နယ်  သိုက်ချောင်းလမ်းဆုံမီးပွိုင့်မှ နိဗ္ဗာန်လမ်း(မြို့ပတ်လမ်း)အတိုင်း ခွာညိုပန်းအဝိုင်းအထိ၊ ၎င်းမှ ရာဇသင်္ဂဟလမ်းအတိုင်း၊ ကုမုဒြာကြာပန်းအဝိုင်းအထိ၊   ရာဇဌာနီလမ်းအတိုင်း ပျဉ်းမနားမြို့နယ်၊ ပန်းခင်းလမ်းမီးပွိုင့်-ဘောဂသီရိ မီးပွိုင့်မှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းဟောင်းမှ  လမ်းလွှဲမောင်းနှင် ပေးကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
                                                     

နေပြည်တော်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ