Streaming Technology and Content Strategy  ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ  ကျင်းပပြီးစီး

 

နေပြည်တော်  နိုဝင်ဘာ  ၃


ပြန်ကြားရေးဝန်ကြီးဌာန  မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားနှင့်  အာရှ- ပစိဖိတ်  ဒေသတွင်း  ရုပ်/သံလွှင့် အဖွဲ့အစည်း     (Asia-Pacific Institute   for    Broadcasting Development  -   AIBD)   တို့  ပူးပေါင်း၍  လက်ရှိမီဒီယာအခင်း အကျင်းတွင် သမားရိုးကျမီဒီယာမှ မီဒီယာအသစ်        Streaming Platform   သို့    ကူးပြောင်းမှု ပညာရပ်ဆိုင်ရာ နည်းပညာများ နှင့် ဗဟုသုတများကို    မျှဝေရန် တို့ကို     ရည်ရွယ်ကျင်းပခဲ့သည့်  Workshop    on   Streaming Technologies   and   Content Strategy  အလုပ်ရုံဆွေးနွေးပွဲ  ပိတ်ပွဲအခမ်းအနားကို     ယနေ့ ညနေပိုင်းတွင်    နေပြည်တော် ရှိ  Horizon Lake View Hotel ၌  ကျင်းပသည်။


ပိတ်ပွဲအခမ်းအနား၌   ဒုတိယ ဝန်ကြီး  ဦးရဲတင့်က  အမှာစကား ပြောကြားရာတွင် ယခုဆွေးနွေးပွဲ သို့        တက်ရောက်ခြင်းဖြင့်  Streaming    နည်းပညာတိုးတက် ရန်  မိမိတို့  Broadcast Industry  က          လုပ်ဆောင်နေသည့်  Streaming      နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့်    နားလည် သဘောပေါက်ပြီး    လိုအပ်သော အသိပညာနှင့်   ကျွမ်းကျင်မှုများ သိရှိခဲ့ရသည့်အတွက်       အလွန် အရေးပါသည့်  ဆွေးနွေးပွဲဖြစ်မည် ဟု  ယုံကြည်ပါကြောင်း၊  သုံးရက် တာကာလ ဆွေးနွေးပွဲမှ  ရရှိလာ သည့်        ရလဒ်များကို       online platform  မှ   နေ့စဉ်အစီအစဉ် ထုတ်လုပ်ခြင်းနှင့်    သတင်းတင် ဆက်ခြင်း    စသည့်   လုပ်ငန်းခွင် များတွင်   ထိထိရောက်ရောက် အသုံးချနိုင်လိမ့်မည်          ဟုလည်း  ယုံကြည်ပါကြောင်း    ပြောကြား သည်။


ဆက်လက်ပြီး AIBD Program  Manager,   Mr.  Syed  Nabeel Hassan Tirmazi   က    အလုပ်ရုံ ဆွေးနွေးပွဲနှင့်          စပ်လျဉ်းပြီး  ရှင်းလင်းပြောကြားသည်။


ထို့နောက်         ဆွေးနွေးပွဲ သို့      တက်ရောက်လာကြသူများ  ကိုယ်စား   မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ         အင်ဂျင်နီယာမှူး  ဦးဘိုဘိုထွန်းက       ဆွေးနွေးပွဲ နှင့်စပ်လျဉ်း၍  ရရှိခဲ့သည့်  အကျိုး ကျေးဇူးများကို    ရှင်းလင်းပြော ကြားသည်။       


ထို့နောက်   ဆွေးနွေးပို့ချသူ  ကျွမ်းကျင်ပညာရှင် Mr. Abhilash Nagabhushana   က    တက် ရောက်လာကြသည့်     သင်တန်း သား   သင်တန်းသူများကိုယ်စား သင်တန်းသား    ကိုယ်စားလှယ် များထံ    သင်တန်းတက်ရောက် ပြီးမြောက်ကြောင်း     အသိအမှတ် ပြုလွှာ ပေးအပ်သည်။


ထို့နောက်     ဒုတိယဝန်ကြီး ဦးရဲတင့်က  တက်ရောက်လာကြ သူများကိုယ်စား    သင်တန်းသား ကိုယ်စားလှယ်များထံ အမှတ်တရ  လက်ဆောင်ပစ္စည်းများ    ပေးအပ် ပြီး          စုပေါင်းမှတ်တမ်းတင်  ဓာတ်ပုံရိုက်ကြသည်။ 

သတင်းစဉ်