သထုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး

 

သထုံ   ဖေဖော်ဝါရီ   ၅


မွန်ပြည်နယ်    သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လ ပြည့်ပြီးသည့်  ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာ   ဝန်ထမ်းများအား ထပ်ဆောင်း       ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်း ရုံးခန်းမ၌  ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 


ပူးပေါင်းဆောင်ရွက်ပေး


ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထပ်ဆောင်း Booster Dose အဖြစ် ရုရှားနိုင်ငံထုတ် Sputnik Light  ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင် မောင်မောင်နှင့်    အဖွဲ့ဝင်များ မြို့နယ်  ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ တာဝန် ရှိသူများ စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို    ပူးပေါင်း ဆောင်ရွက်ပေးသည်။

 


၅၀၀ ကျော်ခန့်ထိုးနှံပေးပြီး

 

သထုံမြို့နယ်တွင် Booster Dose ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၂ ရက်မှ စတင်ဆောင်ရွက်နေပြီး ဖေဖော်ဝါရီ ၃ ရက်အထိ   ပညာ ရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ    ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း ၅၀၀  ကျော်ခန့်အား    ထိုးနှံပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။ 


ခရိုင်(ပြန်/ဆက်)