သရက်ပင်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ် လုပ်ငန်းများဆောင်ရွက်နေ

 

ရန်ကန်  ဇန်နဝါရီ  ၁၆


ရန်ကုန်တိုင်းဒေသကြီး    ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်    သရက်ပင် ချောင်ရွာအနီး၌  သရက်ပင်ချောင်  နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ(Final Disposal Site-FDS)သစ်ကို    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ    မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်   သန့်ရှင်းရေးဌာနမှ တည်ဆောက်ဆောင်ရွက်နေသည့်    နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ် ဝင်လမ်း/ထွက်လမ်းများအတွက် လမ်းခင်းကျင်းခြင်း လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ကြောင်း  ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 


မြေဧရိယာအကျယ်အဝန်း  ၁၈၇ ဒသမ ၃ ဧက ရှိသော    အဆိုပါ သရက်ပင်ချောင်   နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ်ကို   မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်  သန့်ရှင်းရေးဌာနမှ   တည်ဆောက်မည်ဖြစ်ပြီး ဂျပန်နိုင်ငံ  ဖူကုအိုကာမြို့၏   နည်းပညာဖြင့်   ဆောင်ရွက်မည်ဖြစ်ရာ  အမှိုက်တစ်လွှာ၊ မြေကြီးတစ်လွှာဖုံးအုပ်ခြင်း၊   အမှိုက်မှထွက်ရှိသည့် ရေဆိုးများကို  ပိုက်များတွင်  အပေါက်ဖောက်၍  ငါးရိုးပုံစံဖြင့်စုစည်းခြင်း၊ အမှိုက်ပုံအတွင်း    မီသိန်းဓာတ်ငွေ့များ     ခိုအောင်းနေခြင်း မရှိစေရန် ပိုက်ဖြင့်   စွန့်ထုတ်ခြင်းစနစ်များဖြင့်  ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်၀န်းကျင်ထိန်းသိမ်း ရေးနှင့်   သန့်ရှင်းရေးဌာန    မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ     ဒုတိယဌာနမှူး‌   ‌ ဒေါက်တာ‌အောင်မြင့်‌မော်က‌ ပြောသည်။

 


 “အမှိုက်ပုံသက်တမ်းဆိုတာက ၁၀ နှစ် သို့မဟုတ် ၁၅ နှစ်လောက် ပဲ သက်တမ်းရှိတာ။   အမှိုက်ပုံဟာ  အိုလာပြီဆိုလို့ရှိရင်  ဘာပြဿနာ ရှိလဲဆိုတော့    မီးသိန်းဓာတ်ငွေ့တွေ    အလွန်အောင်းပြီးတော့  မီးလောင်မှုဖြစ်ပွားတယ်။ ၂၀၁၈ ခုနှစ် ထိန်ပင်နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ  ထိန်ပင်မီးလောင်ပြီး  နောက်ပိုင်း ၂၀၁၉ ၊၂၀၂၀ ၊ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ    အမှိုက်ပုံတွေက    သိသိသာသာပြောင်းလဲသွားခဲ့ပါ တယ်။  ဒါလည်း ဂျပန်နိုင်ငံ   ဖူကုအိုကာမြို့ရဲ့ နည်းပညာအကူအညီနဲ့ ကုလသမဂ္ဂမြို့ရွာနှင့်   အိုးအိမ်ပြန်လည်ထူထောင်ရေးအဖွဲ့(UN-Habitat)၏   ပူးပေါင်းဆောင်ရွက်တာမို့   ခုဆိုရင်အမှိုက်ပုံတွေမှာ ယင်ကောင်တွေ မလာတော့ဘူး။     နောက်တစ်ခါ ရေတွေကို စုနိုင်တယ်၊ အဝင်လမ်းတွေရှိတယ်၊  ရေတူးကန်တွေတူးပြီး   ရေပေးနိုင်အောင် လုပ်တယ်။ နောက်ပြီး  ပိုက်လိုင်းတွေလုပ်တယ်။ ခုဆိုရင်ညစ်ညမ်း တဲ့အရည်တွေကို စုစည်းနိုင်ပြီး အမှိုက်မီးလောင်စေနိုင်တဲ့ ဓာတ်ငွေ့ တွေကို  လေထဲမှာ  လွတ်လပ်စွာထုတ်နိုင်ခဲ့ပါတယ်။   အဲဒီနည်း ပညာကိုယူပြီး မြေဧက ၁၄၀ ကျော်ရှိတဲ့ထားဝယ်ချောင်အမှိုက်ပုံကို လုပ်ခဲ့တာဟာ  မြေဧက   ၁၁၀  ကျော်ကို အသုံးပြုပြီးပြီဖြစ်ပါတယ်။ နောက်ပိုင်း နောက်ငါးနှစ်လောက်နေရင်  အဲဒီမြေနေရာကို  သုံးမရ တော့မှာစိုးလို့ အဲဒီနည်းပညာကို   အသုံးပြုပြီး    အမှိုက်ပုံက    လိုလာတဲ့အပေါ်မှာ  ကော်မတီက  သရက်ပင်ချောင်ရွာအနီးမှာ  နောက် ဆုံး စွန့်ပစ်အမှိုက်ပုံတည်ဆောက်ဖို့   လုပ်ဆောင်လိုက်တာလည်း  ဖြစ် ပါတယ်”ဟု   ၎င်းက ပြောသည်။

 


  လက်ရှိလုပ်ငန်းအနေအထားအရ  သရက်ပင်ချောင်  နောက်ဆုံး စွန့်ပစ်အမှိုက်ပုံသစ်အတွက် ဝင်လမ်း/ထွက်လမ်းများအတွက် လမ်းခင်း ကျင်းခြင်းလုပ်ငန်းများ  ဆောင်ရွက်နေပြီဖြစ်ပြီး  ရေဖောက်ထုတ်ရန် နှင့် မြေသားတင်ခြင်းလုပ်ငန်းများ၊  ဝန်ထမ်းများအတွက် ရုံးနေရာနှင့် နေထိုင်ရန်အတွက် အဆောက်အအုံတည်ဆောက်ရန် နေရာအပါအဝင် အမှိုက်စုပုံရန်အတွက် ပေ ၅၀၀ အကွက်များ ဖော်ဆောင်ရန် လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။

 


 ရန်ကုန်မြို့ ၌  နေ့စဉ်အမှိုက်တန်ချိန် ၂၅၀၀ ခန့်ထွက်လျက်ရှိရာ အမှိုက်များကို    အဓိကနောက်ဆုံးစွန့်ပစ်အမှိုက်ပုံ    နှစ်ခုဖြစ်သော လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ        ထိန်ပင်နောက်ဆုံးစွန့်ပစ် အမှိုက်ပုံနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ထားဝယ်ချောင် နောက် ဆုံးစွန့်ပစ်အမှိုက်ပုံအပြင် မြို့နယ်အလိုက် သီးခြားစွန့်ပစ်ရန် သတ်မှတ် ထားသော  ဒလအမှိုက်ပုံ၊  ကျူချောင်းအမှိုက်ပုံ၊   လှော်ကားအမှိုက်ပုံ နှင့် ဆိပ်ကြီးခနောင်တို အမှိုက်ပုံအသေးတို့တွင် အမှိုက်များစွန့်ပစ်လျက် ရှိကြောင်း၊၂၀၀၁ ခုနှစ်မှစတင်၍    ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ မြေဧရိယာ  ၁၅၀ ဧက တွင်  နေ့စဉ်အမှိုက်တန်ချိန် ၁၂၀၀ မှ ၁၃၅၀ ခန့်အထိစုပုံထားရှိပြီး   ၂၀၀၄   ခုနှစ်မှ  စတင်၍   ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ  မြေဧရိယာ  ၁၁၃  ဧက တွင် နေ့စဉ်အမှိုက် တန်ချိန် ၁၀၀၀ မှ ၁၂၀၀ ခန့်အထိ စုပုံထားရှိရာ အမှိုက်များကို မြေ ကျင်းတူး၍ တိုက်ရိုက်စုပုံသည့် Open Dumping စနစ်ဖြင့် စွန့်ပစ်ခြင်း ကြောင့်  မြေနေရာလုံလောက်မှုမရှိခြင်း ၊ မီးလောင်ခြင်းနှင့်  သဘာ၀ ပတ်ဝန်းကျင်ထိခိုက်စေခြင်း အစရှိသည့် ဆိုးကျိုးများကိုဖြစ်ပေါ်စေသောကြောင့်   ဂျပန်နိုင်ငံနည်းပညာဖြစ်သော  Fukuoka Method - Semi-Aerobic Landfill Pilot Project  ကို  ၂၀၁၉  ခုနှစ်တွင်   ထိန်ပင်   နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင်   စတင်ဆောင်ရွက်ခဲ့ပြီး  ၂၀၂၀ ပြည့်နှစ်မှ စတင်၍ ထားဝယ်ချောင် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံတွင် ဆောင်ရွက်ခဲ့ ကြောင်း၊ ယခုအကောင်အထည်ဖော်ဆောင်ရွက်မည့်   သရက်ပင်ချောင်   နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ်တွင်  သဘာ၀ပတ်ဝန်းကျင်ထိခိုက်စေခြင်း ကိုထိန်းသိမ်းနိုင်မည့် Fukuoka Method   အပြင် အမှိုက်မှ  စွမ်းအင် ထုတ်လုပ်ခြင်းနည်းစနစ်များကိုပါဆောင်ရွက်ရန်     ရည်ရွယ်ထားကြောင်း သိရသည်။

 


မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်  သန့်ရှင်းရေးဌာနအနေဖြင့် အနာဂတ်ကာလ၌   နိုင်ငံခြားကုမ္ပဏီများနှင့်ပူးပေါင်း၍     အမှိုက်မှ လျှပ်စစ်၊ အမှိုက်မှ စီအင်န်ဂျီ၊ အမှိုက်မှ မြေဆွေးနှင့် အမှိုက်မှ ကာဗွန် ဒိုင်အောက်ဆိုက်များ ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး အဓိက နောက်ဆုံးစွန့်ပစ်အမှိုက်ပုံနှစ်ခုဖြစ်သော  လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ   ထားဝယ်ချောင်    နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတို့ကိုလည်းအကြိုစူးစမ်းလေ့လာမှုများ  ပြုလုပ်နေပြီဖြစ်ကြောင်း၊ အကြိုစူးစမ်း လေ့လာသူများထံမှ Report အပေါ်မူတည်၍ လိုအပ်သလို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်  လာမည့်   ၂၀၂၃  ခုနှစ်    နှစ်စပိုင်းတွင် ရန်ကုန်မြို့အတွက် သုံးခု မြောက်အမှိုက်ပုံဖြစ်လာမည့်  သရက်ပင် ချောင်    နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသစ်၌    အမှိုက်များ        စုပုံထားရှိနိုင်ရန်        ဆောင်ရွက်မည်ဖြစ်ကြောင်း  ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီမှ  သိရသည်။                   
                         

အာကာလင်း