
ရန်ကုန် အောက်တိုဘာ ၂၁
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက် သော ဌာနစုမှူး-၂/ တတိယ အတွင်းဝန်အရာထမ်း ငယ်များအတွက် ဖွင့်လှစ်သည့် သံတမန်ရေးရာ သင်တန်း(Course in Diplomacy-CID) အမှတ်စဉ် (၇/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်၍သင်တန်းဆင်း အမှာစကားပြောကြားသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ သင်တန်းပို့ချ ပေးခဲ့ကြသည့် ဝါရင့်သံတမန်ကြီးများ၊ အငြိမ်းစား သံအမတ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ နည်းပြ ဆရာကြီး ဆရာမကြီးများ၊ တက္ကသိုလ်အသီးသီးမှ ဆရာကြီး ဆရာမကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ သင်တန်း သား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် သင်တန်းနည်းပြဆရာကြီး ဆရာမကြီးများက သင်တန်းသား သင်တန်းသူများ အား သင်တန်းပြီးမြောက်ကြောင်း အောင်လက်မှတ် များနှင့် ထူးချွန်သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါသင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်တွင် ဩဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဌာန(ရန်ကုန်)တွင် အောက်တိုဘာ ၃ ရက်မှ ၂၁ ရက် အထိလည်းကောင်း စုစုပေါင်းရက်သတ္တပတ် ၁၀ ပတ်ကြာဖွင့်လှစ်ပို့ချပေးခဲ့ပြီး အရာထမ်းငယ်များ၏ အရည်အသွေးမြှင့်တင်ရန်နှင့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတကြွယ်ဝစေရန်အတွက် နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံတကာဆက်ဆံရေး၊ မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ၊ သံတမန်ရေးရာဘာသာရပ် များ၊ အပြည်ပြည်ဆိုင်ရာဥပဒေများ၊ အထွေထွေ ဗဟုသုတများနှင့် လက်တွေ့အသုံးချ အင်္ဂလိပ်စာ ဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ခြင်းဖြစ်သည်။
သတင်းစဉ်