သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေး ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်

 

နေပြည်တော်   မေ    ၇


မိမိတို့၏  နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသော လူမှုပတ်ဝန်းကျင်ကို  ပိုင်ဆိုင်နိုင်ရေးအတွက်  ကိုယ်စိတ်နှလုံး ချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ်အရေးကြီးသည်။  မိမိတို့တစ်ဦးချင်း     နေထိုင်ကြသည့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာလျှင် သန့်ရှင်းသာယာလှပသောမြို့၊ ရွာ  Clean city၊ Clean Village များ ဖြစ်လာမည် ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက်   မိမိဒေသ၊  မိမိမြို့ရွာ သန့်ရှင်းသာယာရေးကို   ဒေသခံများ၊   ဒေသတွင်  တာဝန် ထမ်းဆောင်နေကြသည့်   အုပ်ချုပ်ရေးအဖွဲ့အစည်း များနှင့်    စည်ပင်သာယာရေး   တာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်သည်။

 


ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏   ဦးဆောင်မှုနှင့်အတူ   နိုင်ငံတစ်ဝန်းလုံး ၌     အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊     ဒေသခံပြည်သူ များအားလုံးက      နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို  ညီညီညွတ်ညွတ်ဖြင့်  ဆောင်ရွက် လျက်ရှိကြပြီး အပတ်စဉ်  စနေနေ့တိုင်းတွင်လည်း    မိမိတို့၏    မြို့၊ ရွာ ဒေသများ     သန့်ရှင်းသာယာ လှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိကြ သည်။

 


ထိုသို့     ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ  ဇေယျာသီရိမြို့နယ် အပါအဝင် မြို့နယ် ငါးမြို့နယ်၌ လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် ငါးမြို့နယ်၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက် ပိုင်း) မူဆယ်မြို့နှင့် ကျောက်မဲမြို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် အပါ အဝင်       မြို့နယ်  ၁၀  မြို့နယ်၌လည်းကောင်း၊ ကယားပြည်နယ်   လွိုင်ကော်မြို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)   ကျိုင်းတုံမြို့နယ်   အပါ အဝင်     မြို့နယ်  ၁၀ မြို့နယ်၌    လည်းကောင်း၊ မွန်ပြည်နယ်    မော်လမြိုင်မြို့အပါအဝင်   မြို့နယ် ငါးမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီ မြို့၌လည်းကောင်း၊     တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အပါအဝင်   မြို့နယ် ၁၀ မြို့နယ်၌  လည်း ကောင်း၊  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊    မရမ်းကုန်းမြို့နယ်နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ      မြို့နယ်   ၁၄  မြို့နယ်၊ အနောက်ပိုင်းခရိုင်ရှိ မြို့နယ် ၁၂ မြို့နယ်၊ တောင်ပိုင်း ခရိုင်ရှိ    မြို့နယ် ၁၀ မြို့နယ်၊   မြောက်ပိုင်းခရိုင်ရှိ မြို့နယ် ကိုးမြို့နယ်၌  လည်းကောင်း၊   ဧရာဝတီ တိုင်းဒေသကြီး  ပုသိမ်မြို့နယ်အပါအဝင်   မြို့နယ် ၁၁ မြို့နယ်၌လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့ ၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ရွှေဘိုမြို့နှင့်   မကွေးတိုင်းဒေသကြီး  ပခုက္ကူမြို့၌ လည်းကောင်း၊   မန္တလေးတိုင်းဒေသကြီး    ချမ်းမြ သာစည်မြို့နယ် အပါအဝင် မြို့နယ် ခုနစ်မြို့နယ်၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့်  ကရင်ပြည်နယ်  သံတောင်ကြီးမြို့၌ လည်းကောင်း    ဌာနဆိုင်ရာ  အဆောက်အဦများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံ များ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက် များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်း ခြင်းနှင့်   ရေစီးရေလာကောင်းမွန်စေရေး  ရေနုတ် မြောင်းများ တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေး ကြသည်။

 


ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ      တိုင်းမှူးများနှင့် တာဝန်ရှိသူများက      လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။                                

သတင်းစဉ်