သနပ်ပင်မြို့နှင့် ကဝမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

သနပ်ပင်   မတ်    ၂၄


ပဲခူးတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်   တိုင်းဒေသ ကြီး ဝန်ကြီးများ၊    တာဝန်ရှိသူ များနှင့်အတူ   မတ်  ၂၃  ရက် မွန်းလွဲပိုင်းက သနပ်ပင်မြို့ မြို့တွင်း လမ်းဘေး  (ဝဲ/ယာ)   ရေနုတ် မြောင်းနှင့်    Boxculvert ပြုလုပ် နေမှုကို   လည်းကောင်း၊ အခြေခံ ပညာ          အထက်တန်းကျောင်း (သနပ်ပင်)၌    အခြေခံပညာ အလယ်တန်းနှင့်  အထက်တန်း စာမေးပွဲ      ဖြေဆိုနေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား  လိုအပ်သည် များ မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   ပဲခူး-သနပ်ပင်-ခရမ်း-သံလျင်  လမ်း ပေါ်ရှိ သနပ်ပင်မြို့တွင်းတံတား တည်ဆောက်နေမှုကို    ကြည့်ရှု စစ်ဆေး ပြီး တံတားချဉ်းကပ်လမ်း များ တစ်ပါတည်းပြီးစီးစေရေးနှင့် တံတားချဉ်းကပ်ခုံများ   ရေတိုက် စားမှု ကာကွယ်နိုင်ရေး စနစ်တကျ တည်ဆောက်သွားရန် မှာကြားပြီး မုဒုတံတားနှင့်   သက္ကလတံတား တို့ကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။

 


ယင်းနောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်    ကဝမြို့နယ် သက္ကလမြို့   အထွေထွေအုပ်ချုပ် ရေး  ဦးစီးဌာနရုံး၌      ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပြီး  မြို့အင်္ဂါရပ်ညီညွတ်စေရန် လိုအပ် သည်များ   ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ဆက်လက်၍   တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  သက္ကလ  (၁၆)ကုတင်ဆံ့    တိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး ကျန်းမာရေးဝန်ထမ်း များအား   တွေ့ဆုံအားပေးကာ ဆေးရုံ အတွက်     လိုအပ်သော လေးခန်းတွဲ  ရေချိုးခန်းအိမ်သာပါ အဆောင်နှစ်ခုအား  ဆောက်လုပ် ခြင်းနှင့်        ဆေးရုံဥပဓိရုပ် ကောင်းမွန်စေရေး   ဖြည့်ဆည်း     ဆောင်ရွက်ပေးခဲ့ပြီး   ကျန်းမာရေး ဝန်ထမ်းများအတွက်  ထောက်ပံ့ ငွေများ ပေးအပ်သည်။ 

 


ထို့နောက်      ကဝမြို့အဝင် သံဘေလီတံတားကို     ကြည့်ရှု စစ်ဆေးပြီး    ပဲခူးမြစ်ကမ်းပါး တစ်လျှောက်  နွေစပါးနှင့် စားဖို ဆောင်သုံး   (ဟင်းသီးဟင်းရွက်)စိုက်ခင်းများ   စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအား  မှာကြားခဲ့ ကြောင်း သိရသည်။  
 

သတင်းစဉ်