သံဖြူဇရပ် ဧပြီ ၃၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်သစ်တောဦးစီးဌာနမှ ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းက ကျုံကဒတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျုံကဒတ်ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ကျေးရွာမှပြည်သူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်သစ်တောဦးစီးဌာနမှူးဦးဝင်းဗိုလ်ဦးက သစ်တောထိန်းသိမ်းကာကွယ်ရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးခေါင်းစဥ်ဖြင့် ဟောပြောဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)



