
သံဖြူဇရပ် ဇူလိုင် ၁၄
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှု အသိပညာ ပေးဟောပြောခြင်းနှင့် ကာကွယ် ဆေးထိုးနှံခြင်းများကို ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီခွဲမှ စတင်၍ သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင် ကျေးရွာရှိ ခရစ်ယာန်ဘုရား ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာမင်းငွေထွန်းက အခမ်းအနားသို့ တက်ရောက်လာ ကြသည့် တိရစ္ဆာန် မွေးမြူထား သော ခြံပိုင်ရှင်များကို တိရစ္ဆာန် များတွင် ဖြစ်ပွားလေ့ရှိသည့် ခွာနာ၊ လျှာနာရောဂါ၊ အရေပြား အကျိတ်နာရောဂါနှင့် အာဖရိက ဝက်ပြင်းဖျားရောဂါ ကာကွယ်ရေး အကြောင်းကို အသိပညာပေး ဟောပြောသည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ များက ကျေးရွာအတွင်းရှိ မွေးမြူရေးခြံများသို့ သွားရောက် ပြီး ဝက်များကို ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ပိုးသတ်ဆေး ပက်ဖျန်းခြင်းများ ပြုလုပ်သည်။
အဆိုပါ တိရစ္ဆာန်ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု ရက်သတ္တပတ် အခမ်းအနားကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့် သက်ဆိုင်ရာတာဝန်ရှိသူ များ၊ ကျေးရွာအတွင်းရှိ မွေးမြူ ရေးခြံများမှ ခြံပိုင်ရှင်များ တက်ရောက်ကြကြောင်း သိရ သည်။
အေးအေးသီ(ပြန်/ဆက်)