
သံဖြူဇရပ် နိုဝင်ဘာ ၁၈
မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ စက်စဲကမ်းခြေ၌ တန်ဆောင်မုန်းလပြည့်နေ့ နေ့လယ်ပိုင်းမှစတင်ကာ ကမ်းခြေသို့ လာရောက်အပန်းဖြေကြသည့် ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
သံဖြူဇရပ်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်- ၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးထားပြီး ရပ်နီး၊ ရပ်ဝေးမှ စက်စဲကမ်းခြေသို့ လာရောက်အပန်းဖြေသူများ၊ ကမ်းခြေတွင် စက်ဘီးစီး၊ မြင်းစီး၊ ဆိုင်ကယ်အပျော်စီးသူများ၊ ရေကစား ကြသူများနှင့် စားစရာမုန့်ဆိုင်၊ ကလေးကစားစရာ၊ အဝတ်အထည်များ နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများရောင်းချသည့် စျေးဆိုင်တန်း များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)