သင်တန်းမှရရှိသည့် ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် အသုံးချပြီး နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် အစဉ်အလေးထား ပူးပေါင်းဆောင်ရွက်

 

နေပြည်တော်  စက်တင်ဘာ  ၁၅ 


အဆင့်မြင့်အရာထမ်း  သင်တန်း အမှတ်စဉ်(၁၅)    သင်တန်းဆင်း အခမ်းအနားကို    ယနေ့နံနက် ပိုင်းက    နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် ( အထက်မြန်မာပြည်)၌ကျင်းပရာ ပြည်ထောင်စု           ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊   တာဝန်ခံ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး   ညွှန်ကြားရေး မှူးချုပ်၊  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ  ပါမောက္ခ ချုပ်၊    ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြားစီမံဌာနများ မှ  တာဝန်ရှိပုဂ္ဂိုလ်များ၊  ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် သင်တန်းသား  သင်တန်းသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုရာထူးဝန် အဖွဲ့  ဥက္ကဋ္ဌက  ယခုအဆင့်မြင့် အရာထမ်းသင်တန်းကို နိုင်ငံတော် ၏       မူဝါဒလုပ်ငန်းစဉ်များ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance)၊   သန့်ရှင်း သောအစိုးရ (Clean Government) အကောင်အထည်     ဖော်ရာတွင် အထောက်အကူဖြစ်စေရန်၊ နိုင်ငံ တော်နှင့်    ပြည်သူတို့၏   အကျိုး စီးပွားကို       ဦးထိပ်ပန်ဆင်၍ နိုင်ငံတော်၏   အဆင့်မြင့်တာဝန် များကို   အောင်မြင်စွာ    သယ်ပိုး ထမ်းရွက်နိုင်မည့်      အနာဂတ် အဆင့်မြင့်    အရာရှိကောင်းများ ပေါ်ထွက်လာစေရန်    ရည်ရွယ်၍ ဖွင့်လှစ်ပို့ချပေးခဲ့ခြင်း     ဖြစ်ပါ ကြောင်း၊   သင်တန်းမှရရှိသည့် ပညာရပ်များကို လက်တွေ့လုပ်ငန်း ခွင်  နယ်ပယ်တွင်     အသုံးချပြီး နိုင်ငံတော်နှင့်         ပြည်သူအကျိုး အတွက်        အစဉ်အလေးထား ပူးပေါင်းဆောင်ရွက်ကြရန် လိုပါ ကြောင်း၊    တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။   


ထို့နောက်     ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက သင်တန်း သား  သင်တန်းသူများကို သင်တန်း ဆင်း      အောင်လက်မှတ်များ ပေးအပ်သည်။  အဆိုပါ  သင်တန်း သို့ သင်တန်းသား ၂၈ ဦး၊ သင်တန်း သူ ၁၄ ဦး    စုစုပေါင်း ၄၂ ဦး တက်ရောက်၍   သင်တန်းကာလ မှာ   ရက်သတ္တရှစ်ပတ်ကြာမြင့်ခဲ့ သည်။


ဆက်လက်ပြီး  ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်    (အထက် မြန်မာပြည်)မှ    ပါမောက္ခချုပ်၊ ပညာဌာနအသီးသီးမှ  ပါမောက္ခ၊ ဌာနမှူးနှင့် ဆရာ  ဆရာမများအား နဝရတ်ခန်းမ၌  တွေ့ဆုံဆွေးနွေး ပြီး  သင်တန်းအလိုက်  လက်တွေ့ သင်ကြားပို့ချမှု  အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 


ထို့နောက်   တက္ကသိုလ်စစ်ရေး ပြကွင်း၌  ကျင်းပသည့် စာရေး ဝန်ထမ်းသင်တန်း    အမှတ်စဉ်    (၁၀၅)၏  သင်တန်းဆင်း  အခမ်း အနားသို့   တက်ရောက်ချီးမြှင့် သည်။ အဆိုပါသင်တန်းသို့ ဝန်ကြီး ဌာနအသီးသီးရှိ        အငယ်တန်း စာရေး၊    အကြီးတန်းစာရေးနှင့် အဆင့်တူ သင်တန်းသား ၁၅၃ ဦး၊ သင်တန်း သူ  ၃၆၇  ဦး စုစုပေါင်း ၅၂၀ တက်ရောက်၍   သင်တန်း ကာလမှာ  ရက်သတ္တ  ၁၀ ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။     

သတင်းစဉ်