သင်တန်းကရရှိသည့် အတွေ့အကြုံဗဟုသုတနှင့် ပညာရပ်များ၊ အသိပညာနှင့် အတတ်ပညာများကို ပြည့်ပြည့်ဝဝ အသုံးချပြီး နိုင်ငံတော်အစိုးရ၏ လုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်

 

နေပြည်တော်  အောက်တိုဘာ ၂၁


နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ     ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊  နည်းဥပဒေ များနှင့်    နေပြည်တော်စည်ပင် သာယာရေးကော်မတီ    ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများကို    သိရှိနားလည် တတ်ကျွမ်းပြီး     ပြည်သူလူထုကို လုပ်ထုံး    လုပ်နည်းများနှင့်အညီ အဆင်ပြေချောမွေ့စွာ ဝန်ဆောင် မှုပေးနိုင်ရေးအတွက် ဖွင့်လှစ်ပေး သည့် အခြေခံရုံးလုပ်ငန်း ကျွမ်းကျင် မှု    သင်တန်းအမှတ်စဉ်(၄)နှင့် အင်ဂျင်နီယာ လုပ်ငန်းကျွမ်းကျင် မှုမွမ်းမံသင်တန်း  အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ  အခမ်းအနားကို ယနေ့    မွန်းလွဲ  ၂   နာရီတွင် နေပြည်တော်  စည်ပင်သာယာရေး ကော်မတီ မင်္ဂလာခန်းမ၌  ကျင်းပ သည်။

 


သင်တန်း          ဆင်းပွဲသို့ နေပြည်တော်  စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊   ဒုတိယ မြို့တော်ဝန်     ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့်    ဌာန ကြီးမှူးများ၊ ဌာနမှူးများ၊ တာဝန် ရှိသူများနှင့်     သင်တန်းသား သင်တန်းသူများ တက်ရောက်ကြ သည်။

 


သင်တန်း        ဆင်းပွဲတွင် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊   ဒုတိယ မြို့တော်ဝန်     ဦးမောင်မောင်က စည်ပင်ဝန်ထမ်းများသည် ပြည်သူ လူထု၏    အကျိုးစီးပွားများကို စေတနာထား၍ တိုက်ရိုက်ထိတွေ့ ဝန်ဆောင်မှုပေးကြရမည်     ဖြစ် ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်    (Capacity)ပြည့်ဝရန်အတွက်   လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှု   (Technical Skill)ရှိရန် လိုအပ်သလို စီမံခန့်ခွဲမှု ပိုင်းဆိုင်ရာ     စွမ်းဆောင်ရည် (Management Skill)  ရှိရန်လည်း လိုအပ်ကြောင်း၊     ထို့ကြောင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အရည်အချင်းများ ပြည့်ဝမြှင့်တင် ရန်အတွက်    စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန်လိုကြောင်း၊ နေပြည်တော်သည်     အစိုးရရုံး စိုက်ရာ မြို့တော် ဖြစ်သည့်အတွက်   မြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီစေ ရန် နေပြည်တော်ကို  Green City, Clean City, Smart City ဖြစ်ရေး ဆောင်ရွက်ရာတွင် စည်ပင်သာယာ ရေးလုပ်ငန်းများကို    အားသွန် ခွန်စိုက်       ကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်း       ပြောကြားသည်။ 

 


ယင်းနောက် ဒုတိယမြို့တော် ဝန်နှင့်        တာဝန်ရှိသူများက သင်တန်းအလိုက်  ထူးချွန်ဆုရရှိ သော သင်တန်းသား သင်တန်းသူ များကို တစ်ဦးချင်းဆုတံဆိပ်များ နှင့် သင်တန်းသား ကိုယ်စားလှယ် များထံ သင်တန်းဆင်းလက်မှတ် များ   ပေးအပ်ခဲ့ကြောင်း   သိရ သည်။


သတင်းစဉ်