
နေပြည်တော် ဩဂုတ် ၂၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယမန်နေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ သာသနိကအဆောက်အအုံ များ အဆင့်မြှင့်တင်ပြုပြင်မွမ်းမံရေး အတွက် ဟံသာသီရိကုန်းမြေရှိ သာသနိက အဆောက်အအုံများ၊ နိုင်ငံတော်သံဃ မဟာနာယကကျောင်းဆောင်၊ ကျောင်း ဆောင်ကြီးလေးဆောင်နှင့် သုံးထပ် ဆွမ်းစားဆောင်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် စစ်ကိုင်းစာသင် တိုက်ကိုလည်းကောင်း၊ ရွှေပြည်သာ မြို့နယ် ရွှေပြည်သာပရိယတ္တိစာသင် တိုက်၌ ဝါဆိုဝါကပ်တော်မူသော ဆရာတော်သံဃာတော်များထံသို့လည်း ကောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲတို့ကို ဆက်ကပ်လှူဒါန်းသည်။
ထိုသို့ လှူဒါန်းရာတွင် သင်္ဃန်းကျွန်း မြို့နယ်၊ စစ်ကိုင်းစာသင်တိုက်၌ ဝါဆို ဝါကပ်တော်မူသော သံဃာအပါး ၁၂၀ အတွက် ဆန် ၂၄ အိတ်၊ ဆီ ၆၅ ပိဿာ၊ ပဲ ၈၄ ပိဿာနှင့် ရွှေပြည်သာမြို့နယ် ရွှေပြည်သာပရိယတ္တိစာသင်တိုက်၌ ဝါဆို ဝါကပ်တော်မူသော သံဃာ ၈၅ ပါး အတွက် ဆန် ၁၆ အိတ်၊ ဆီပိဿာ ၄၀၊ ပဲ ၄၈ ပိဿာ တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းတို့သို့လည်း ဆွမ်းဆန်တော်၊ ဆီနှင့် ပဲတို့ ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်