သင်္ဃန်းကျွန်းမြို့နယ်၌ သတင်းရေးသားနည်း သင်တန်းဖွင့်

 

တာမွေ     အောက်တိုဘာ  ၁၈


ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက် တာဝန်တစ်ရပ်ဖြစ်သည့်     ပြန်ကြားပေးရန် ဆိုသည့် စကားအတိုင်း မိမိတို့ဒေသအတွင်း နေ့စဉ်ဖြစ်ပေါ်နေသော  သတင်းအချက်အလက် များကို    ပြည်သူများ  အချိန်နှင့်တစ်ပြေးညီ မှန်ကန်မြန်ဆန်စွာ သိရှိနိုင်စေရန်နှင့် မိမိတို့ နယ်မြေဒေသအတွင်း         သတင်းတာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ၏   အရည် အသွေးများ    မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍   ယနေ့နံနက်ပိုင်းက     ရန်ကုန် အရှေ့ပိုင်းခရိုင်    ပြန်ကြားရေးနှင့်    ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏စီစဉ်မှုဖြင့်  ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန ၌ သတင်းရေးသားနည်းသင်တန်းကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ  ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

 


    အဆိုပါ သင်တန်းတွင် ခရိုင်ပြန်ကြားရေး နှင့်       ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ် က  သင်တန်းဖွင့်လှစ်ရခြင်း၏   ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားခဲ့ပြီး တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓာတ်ပုံကျွမ်းကျင်-၂      ဦးနိုင်လင်းအောင် (တာမွေ)က   သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေ မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊  ဒဂုံမြို့သစ်(မြောက်ပိုင်း)  မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် သာကေတမြို့နယ် တို့တွင်    သတင်းတာဝန်ထမ်းဆောင်လျက် ရှိသော  ဝန်ထမ်း  ၂၀ အား   သတင်းဆိုသည့် အဓိပ္ပာယ်၊       သတင်းဓာတ်ပုံရိုက်ကူးနည်း၊ သတင်းအချက်အလက်        စုဆောင်းနည်း၊ သတင်းနှင့်   သတင်းဆောင်းပါးတို့ကို   သဒ္ဒါ အသုံးအနှုန်း၊ ဝါကျဖွဲ့စည်းပုံနှင့် သတ်ပုံစာလုံး ပေါင်း မှန်ကန်ပြီး နည်းစနစ်ကျနစွာ ရေးသား နည်းများကို   စာတွေ့လက်တွေ့  သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။

 


အဆိုပါ       သင်တန်းတက်ရောက်ခြင်း အားဖြင့်    သတင်းတာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ယခင်ကထက်              ပိုမိုမြင့်မားလာနိုင်ပြီး ပြည်သူများအနေဖြင့် နယ်မြေဒေသအတွင်းရှိ သတင်းများကို   တိကျမှန်ကန်စွာဖြင့် အချိန် နှင့်တစ်ပြေးညီ           သိရှိလာနိုင်တော့မည် ဖြစ်ကြောင်း သိရသည်၊၊


ထက်တံခွန် (တာမွေ)