သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တည်ထောင်ခြင်း (၁၂)နှစ်မြောက် အခမ်းအနားကျင်းပ

 

စစ်ကိုင်း  ဖေဖော်ဝါရီ   ၁၀


သမဝါယမနှင့်    စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တည်ထောင်သည့်နေ့  (၁၂) နှစ် မြောက် အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ဖေဖော်ဝါရီ ၉ ရက်က ကျင်းပ ရာ  ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက အမှာ စကားပြောကြားပြီး  ဆုချီးမြှင့်ပွဲဆက်လက် ပြုလုပ်ရာ  နိုင်ငံတော်အဆင့် စီမံထူးချွန်တံဆိပ် (ပထမဆင့်)နှင့် တိုင်းဒေသကြီးအဆင့် ဇေယျာ ထူးချွန်ဆု(ပထမဆင့်)ရရှိသည့် ပါမောက္ခချုပ် အား  ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဝင်းနိုင်ထွန်း က တက္ကသိုလ်ကိုယ်စား   ဂုဏ်ပြုမှတ်တမ်း နှင့်   ဆုကြေးငွေများ   ဂုဏ်ပြုပေးအပ်သည်။ ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာ ရေးညီလာခံ (၂၀၂၃) တွင် သုတေသနစာတမ်း တင်သွင်းသူတစ်ဦးနှင့် ပညာရေးဝန်ကြီးဌာန ၏ (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသန ညီလာခံစာတမ်းဖတ်ပွဲ(၂၀၂၄)တွင် ပထမဆု များရရှိခဲ့သည့်   ဒေါက်တာ ဝေဖြိုးအောင် (ကထိက)နှင့်    ဦးထွန်းမင်းအောင်  (နည်းပြ)တို့အားလည်းကောင်း၊   ပြည်သူ့ဝန်ထမ်း ကောင်း  ဆုတံဆိပ်ရရှိသူတစ်ဦး၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်တွင် ဖွင့်လှစ်သည့်  သင်တန်းများ၌ ဆုရရှိသူတစ်ဦး၊ တာဝန်သိဝန်ထမ်းကောင်း ဆုရရှိသူနှစ်ဦး၊  မည်သည့်ခွင့်မှ    ခံစားခဲ့ခြင်း မရှိသည့် ဝန်ထမ်း ၂၄ ဦး၊ အရိုးသားဆုံး ဆုရရှိ သည့် ဝန်ထမ်းငါးဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်     ဆုကြေးငွေများ ချီးမြှင့်သည်။

တက္ကသိုလ်တည်ထောင်သည့်နေ့ အထိမ်း အမှတ်  သုတေသနစာတမ်းဖတ်ပွဲကိုလည်း ဖေဖော်ဝါရီ ၈ ရက်က ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ စာတမ်းဖတ်ပွဲ Theme ဖြစ်သည့် “Towards better Research for Socio-eco-nomic Development”နှင့်အညီ လူမှုအကျိုးပြု စာတမ်း သုံးစောင်၊    ဘာသာရပ်အကျိုးပြု စာတမ်း ငါးစောင်နှင့် ဒေသအကျိုးပြုစာတမ်း နှစ်စောင် စုစုပေါင်း  စာတမ်း ၁၀ စောင်ကို စာတမ်းရှင် ၁၀ ဦးက ဖတ်ကြားကြကြောင်း သိရသည်။                     
           

သတင်းစဉ်