
နေပြည်တော် မေ ၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးနှင့် ဇနီးတို့ကို အမှူးထား၍ ဝန်ထမ်းမိသားစုများ ၏ တတိယအကြိမ် စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော် မင်္ဂလာအခမ်းအနား ကို မေ ၃ ရက်နှင့် ၄ ရက်တို့တွင် ကျင်းပသည်။
အခမ်းအနားပထမနေ့ နံနက် ပိုင်း၌ ရှင်လောင်းလှည့်ခြင်းကို ဆောင်ရွက်ရာ မောင်ရင်လောင်း များကို မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးဓလေ့နှင့်အညီ သဒ္ဓမ္မဝေပုလ္လ ကျောင်းတိုက် ပရိဝုဏ်အတွင်းရှိ နတ်ကွန်းတွင် နတ်ပြခြင်းဆောင် ရွက်၍ ထိုမှတစ်ဆင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွား ရောက်ဖူးမြော်၍ လက်ယာရစ် လှည့်လည်ဦးခိုက် ပူဇော်ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးနှင့် ဇနီးတို့က မာရဝိဇယရုပ်ပွားတော်မြတ်ကြီး အတွက် အလှူ ငွေကျပ်သိန်း ၃၀ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် ရဟန်း လောင်းများ၊ မောင်ရှင်လောင်း များနှင့် သီလရှင်များအား မင်္ဂလာ ဘိသိက်သွန်းခြင်းကို ရုံးအမှတ် (၁၆) ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဝန်ကြီးဌာန အကြီးအကဲများနှင့် ဧည့်ပရိသတ်များ တက်ရောက် ကြပြီး သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန အနုပညာဦးစီး ဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဉာဏ်ဝင်း ဦးဆောင် သော ယဉ်ကျေးမှုမင်္ဂလာ ဘိသိတ် အဖွဲ့က ဘိသိတ်သွန်းလောင်းပေး ပြီး ညနေပိုင်းတွင် ဆံချမင်္ဂလာ ပြုလုပ်သည်။
ယင်းနောက် ဦးပစ္ဇျာယ်ဆရာ တော် ဦးဂန္ဓမာလာက ရှင်ပြု ခြင်း အစီအစဉ်ဆောင်ရွက်ပေးပြီး ရဟန်းလောင်းများမှ ဆရာတော် ထံ သင်္ကန်းပေးခြင်း၊ ဆရာတော် ထံမှ သင်္ကန်းတောင်းခြင်း၊ သင်္ကန်း ဝတ်ဆင်ခြင်း၊ ရှင်အဖြစ်တောင်းခံ ခြင်း၊ သရဏဂုံဆောက်တည် ရှင်ပြုခြင်းနှင့် ဥပစ္ဇျာယ်ယူခြင်း များ ဆောင်ရွက်ကြသည်။
အခမ်းအနား ဒုတိယနေ့တွင် သီရိဂန္ဓမာသပြေအေး မိုးကုတ် ဝိပဿနာကျောင်းတိုက်၌ ဥပ သမ္ပဒကံဆောင်၍ ရဟန်းခံမင်္ဂလာ ပြုခြင်း၊ သိမ်ဝင်ခြင်းနှင့် သိမ်ဆင်း လောင်းခြင်းများ ဆောင်ရွက်ရာ ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာ ဦးဆောင်သော ရဟန်းများအား နိုင်ငံတော် ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နှင့်ဇနီးအမှူးရှိသည့် ဧည့်ပရိသတ် အပေါင်းတို့က လှူဖွယ်ဝတ္ထုအစုစု တို့ကို ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သီရိဂန္ဓမာသပြေ အေး မိုးကုတ်ဝိပဿနာကျောင်း တိုက်ဆရာတော် ဦးဂန္ဓမာလာ ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီး သံဃာတော်အရှင်သူမြတ် တို့မှ ရွတ်ပွားသရစ္ဇျာယ်သော မေတ္တသုတ် ပရိတ်တရားတော် များကို နာယူကြည်ညိုကြပြီး နိုင်ငံတော် ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ပရိသတ်များက ဆရာ တော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုအစုစု ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေး ဝေကြသည်။
ယင်းနောက် ဆရာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့် ပရိသတ်များကို နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။
သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် တတိယအကြိမ် ဝန်ထမ်းမိသားစု များ စုပေါင်းရဟန်းခံရှင်ပြုအလှူ တော်မင်္ဂလာတွင် ဒုလ္လဘရဟန်း ၇၄ ပါး၊ ရှင်သာမဏေ ၂၂ ပါးနှင့် သီလရှင်အပါး ၃၀ စုစုပေါင်း ၁၂၆ ပါးတို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်