
နေပြည်တော် ဇွန် ၂
မြန်မာနိုင်ငံ၏ ပညာရေးရည်မှန်း ချက်များနှင့်အညီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန သည် သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်များ၊ သမဝါယမ ကောလိပ်များ ဖွင့်လှစ်ကာ သမ ဝါယမပညာရပ်များ သင်ကြား ပို့ချပေးလျက်ရှိရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူ များနှင့်အတူ ရန်ကုန်တိုင်းဒေသ ကြီး လှည်းကူးမြို့နယ် မင်းကုန်း ကျေးရွာရှိ သမဝါယမကောလိပ် (ဖောင်ကြီး)သို့ သွားရောက်၍ ဆရာ ဆရာမများ၊ ဝန်ထမ်းများ နှင့်တွေ့ဆုံရာ သမဝါယမကောလိပ် (ဖောင်ကြီး) ကျောင်းအုပ်ဆရာမ ကြီး ဒေါက်တာတင်လဲ့လဲ့ဝင်းက ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ် လုပ်ငန်းလမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှု၊ ကောလိပ်၏ အခြေအနေများ၊ သင်ကြားပို့ချနေသော ဘာသာ ရပ်များ၊ ပညာသင်နှစ်အလိုက် တက်ရောက်သည့် ကျောင်းသား ကျောင်းသူများစာရင်း၊ ဝန်ထမ်း အင်အားစာရင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များကို တင်ပြရာ ဒုတိယဝန်ကြီး က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး က ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ သင်ထောက်ကူ ပစ္စည်းများနှင့် မြက်ဖြတ်စက်များ ပေးအပ်ရာ ကျောင်းအုပ်ကြီး ဒေါက်တာ တင်လဲ့လဲ့ဝင်းက လက်ခံရယူခဲ့ပြီး ဒုတိယဝန်ကြီးက ပြည်ထောင်စု ဝန်ကြီး၏ ခရီးစဉ်လုပ်ငန်းလမ်းညွှန်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးသည့် အခြေ အနေများနှင့် သမဝါယမပညာ ရပ်များ သင်ယူနေကြသော ကျောင်းသား ကျောင်းသူများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်