
အမရပူရ နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့ရှိ တောင်သမန်ကျေးရွာနှင့် အမရပူရမြို့ဆက်သွယ်ထားသောသမိုင်းဝင် ဦးပိန်တံတားသည် အောက်တိုဘာ၂၉ ရက်က လူစည် ကားလွန်းသဖြင့် တိုင်အမှတ် (၃၉၉) နှင့် (၃၄၀) တို့ ကျိုးကျမှု ဖြစ်ပွားခဲ့ရာ တံတားအမြန်ပြုပြင် နိုင်ရေးကို ရှေးဟောင်းသုတေသန ဦးစီးဌာနက ကြိုးစားဆောင်ရွက် ခဲ့ရာ ယနေ့နံနက် ၁၁ နာရီခွဲတွင် ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ် သည်။
အဆိုပါ တံတားကျိုးကျမှုကို အမရပူရမြို့ ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင် ဦးစီး၍ အလုပ်သမား ၁၅ ဦးဖြင့် ပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ တောင်သမန်ငှက်လှေအသင်းဥက္ကဋ္ဌနှင့်အသင်းသားများက ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)