သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများလှူဒါန်း

 

ရန်ကုန် အောက်တိုဘာ   ၂၁


၁၃၈၄   ခုနှစ်   မြန်မာနိုင်ငံ  စာဆို တော်နေ့   အထိမ်းအမှတ်     (၃၅)ကြိမ်မြောက်    သက်ကြီးစာပေ ပညာရှင်များ     ပူဇော်ကန်တော့ပွဲ အတွက်   မြန်မာနိုင်ငံ  စာရေးဆရာ အသင်းသို့     စေတနာရှင်များက    အလှူငွေများ    ဆက်လက်လှူဒါန်း ကြရာ ဦးဝေလွင်(စာရေးဆရာ ဝေလွင်မောင်)က   ထပ်မံလှူဒါန်း သည့်  အလှူငွေကျပ်   ရှစ်သိန်း၊   ဆရာကြီး   ဦးမျိုးသန့်   (မောင် ဆုရှင်)     မိသားစုက   ငွေကျပ် သုံးသိန်း၊ ဗိုလ်မှူး   စောငွေ(ငြိမ်း)  (မောင်ငွေအိုး)  မိသားစု၊   စာရေး ဆရာမ    ဗိုလ်ချိုမြေတင်တင်ဝင်း    (ရန်ကင်းမြို့နယ်)နှင့်     အင်းစိန် မြို့နယ်     စာရေးဆရာအသင်းတို့ က  ငွေကျပ်တစ်သိန်းစီ၊  ဦးဝင်းနိုင် (မင်းဆက်ပိုင်)မိသားစု၊ မိတ္ထီလာ မြို့နယ်    စာရေးဆရာအသင်း ဥက္ကဋ္ဌ   ဦးတင်ထွဏ်း  (တင်တော်)၊      နတ်တလင်းမြို့နယ်    စာရေးဆရာ အသင်း အတွင်းရေးမှူး   ဦးညွန့်ဝင်း    (ညွန့်ဝင်း-နတ်တလင်း)၊      ရဲအုပ် မောင်မောင်အေး  (ငြိမ်း) (စုံထောက် မောင်ရေခဲ)-   ဒေါ်ညွန့်ညွန့် (ညွန့်ညွန့်-ကလော)၊   ဒေါက်တာ ဘရွှေ  (မောင်ရဲမောင်)   ဗဟန်း မြို့နယ်၊     မော်လမြိုင်မြို့နယ် စာရေးဆရာအသင်း၊  မိတ္ထီလာ မြို့နယ်      စာရေးဆရာအသင်း၊ နတ်တလင်းမြို့နယ်     စာရေးဆရာ အသင်း၊  ကော့မှူးမြို့နယ်စာရေးဆရာအသင်းနှင့်      ကြည့်မြင်တိုင် မြို့နယ် စာရေးဆရာအသင်းတို့က    ငွေကျပ်  ငါးသောင်းစီ  လှူဒါန်းကြ သည်။

 


ဒေါက်တာမြင့်ခိုင်  (ဥဂ္ဂါညို)၊  စာရေးဆရာ     ချစ်စုအောင်နှင့်      စာရေးဆရာကိုဇော်ဌေး (ယဉ်ကျေး မှု)တို့က  ငွေကျပ် သုံးသောင်းစီ၊    ဆရာထက်ဝေအောင်  (စစ်ကိုင်း)၊   ဆရာမင်းမြတ်မိုး     (မန်းမြေ)အောင်မြေသာစံမြို့နယ်နှင့်   ဆရာ ဆန်းမောင်(ကွတ်ခိုင်)တို့က     ငွေ ကျပ်နှစ်သောင်းစီ၊        ဦးကျော်လင်း ဦး     (ကျော်လင်း-ဒိုင်းဝန်ကွင်း)မော်လမြိုင်မြို့နယ်၊ ဆရာအိုးဝေ (မြေနီကျင်း)နှင့် မဟာအောင်မြေ မြို့နယ်   စာရေးဆရာအသင်းတို့ က  ငွေကျပ်တစ်သောင်းစီ၊ စာရေး ဆရာဗလမင်းထင်က   ငွေကျပ် ၅၅ဝဝဝဝိ/- တန်ဖိုးရှိ    စာအုပ် များနှင့်   ဗိုလ်မှူးကြီးမြင့်သိန်း (ငြိမ်း)    (မြင့်သိန်းအောင်)က  ငွေကျပ်နှစ်သိန်းတန်ဖိုးရှိ  စာအုပ် များ     ပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ     ဦးအုန်းမောင်   (မြင်းမူမောင်နိုင်မိုး)၊        အတွင်း ရေးမှူး  ဦးညွန့်တင်     (မောင်ငြိမ်း သူ - ကြို့ပင်ကောက်)နှင့်      တာဝန်  ရှိသူများက      လက်ခံရယူပြီး      ကျေးဇူးတင်စကား     ပြန်လည် ပြောကြားသည်။

 


အလှူငွေဖြစ်စေ၊     အလှူ ပစ္စည်းဖြစ်စေ    လှူဒါန်းလိုပါက  မြန်မာနိုင်ငံ  စာရေးဆရာအသင်း၊  အမှတ် (၁၇၃/ ၁၇၅)   ပန်းဆိုးတန်း လမ်း   (အလယ်) ကျောက်တံတား မြို့နယ်       ရန်ကုန်မြို့    ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။              

သတင်းစဉ်