
ရန်ကုန် အောက်တိုဘာ ၂၇
မြန်မာနိုင်ငံ စာရေးဆရာအသင်း က ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံ စာဆို တော်နေ့အထိမ်းအမှတ် (၃၆)ကြိမ် မြောက် သက်ကြီးစာပေပညာရှင် များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ဆက်လက် လှူဒါန်းလျက်ရှိရာ ဦးစိုးမြင့်(စိုးမှူး)-ဒေါ်ကြည်ကြည် ခင်(စိုးကြည်ဖြူ)၊ သမီး - အကယ် ဒမီ စိုးမြတ်သူဇာ (စိုးမြတ်သူဇာ) မိသားစုက အလှူငွေကျပ်သုံးသိန်း၊ ဒေါက်တာနေဝင်း စိတ်ကျန်းမာ ရေး ဖောင်ဒေးရှင်းနှင့် ဒေါက်တာ မောင်မောင်မြင့် - စာရေးဆရာမ ဝတ်ရည်ခင်(ပဲခူး) (ဥက္ကဋ္ဌ၊ ပဲခူး မြို့နယ်စာရေးဆရာအသင်း)တို့ က ငွေကျပ်နှစ်သိန်းစီ၊ ဘဒ္ဒန္တ ကေလာသ (အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ပဏ္ဍိတာရာမစာသင် တိုက်၊ သီရိပျံချီ ဗိုလ်ချုပ်စိန်ထွား-ငြိမ်း(ညိုထွေး)၊ ဒုတိယဗိုလ်မှူး ကြီး ဖေငြိမ်း-ငြိမ်း (ကျော်စော ဟန်)၊ ဆရာကြီး ကပ္ပတိန်သာစိန် (မိသားစု) တောင်ဥက္ကလာပမြို့နယ်၊ ဦးသန်းဝင်း(မင်းယဉ်စု)မိသားစု၊ ဦးခင်မောင်ညွန့် (တက္ကသိုလ် ခိုင်ထွန်း - ဖျာပုံ)၊ ဆရာမကြီး ဗိုလ်ချိုမြေတင်တင်ဝင်း (ရန်ကင်း မြို့နယ်)၊ ဗဟန်းမြို့နယ် စာရေး ဆရာအသင်းနှင့် ရန်ကင်းမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် တစ်သိန်းစီ၊ မြောင်းမြမြို့နယ် စာရေးဆရာအသင်းနှင့် ရွှေပြည် သာမြို့နယ် စာရေးဆရာအသင်း တို့က ငွေကျပ် ငါးသောင်းစီ၊ ဆရာဘုန်းမောင်ဝင်း (ဖျာပုံ)၊ ဒေါ်ခင်တင့်ဝေ (ခင်တင့်ဝေ-မြို့တော်စည်ပင်)၊ မြဝတီသတင်း စာတိုက်နှင့် ပုဏ္ဏားကျွန်းမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် သုံးသောင်းစီ အသီးသီးပေးအပ် လှူဒါန်းကြရာ ဒုတိယဥက္ကဋ္ဌ(၁)ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ အတွင်းရေးမှူးဦးညွန့် တင် (မောင်ငြိမ်းသူ - ကြို့ပင် ကောက်)နှင့် တွဲဖက်အတွင်းရေး မှူး(၁) ဦးအောင်သန်းဦး (ပုသိမ် အောင်သန်းဦး)တို့က လက်ခံရယူ ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
အလှူငွေဖြစ်စေ၊ အလှူ ပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ် ၁၇၃/၁၇၅ ပန်းဆိုးတန်း လမ်း (အလယ်) ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်