သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာလမ်းပြမြေပုံရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် ဩဂုတ်  ၉


မဲခေါင်-လန်ချန်း     ပူးပေါင်း ဆောင်ရွက်မှု    အထူးရန်ပုံငွေစီမံ ကိန်း (၂၀၂၂)   ဖြင့်  ဆောင်ရွက် သော မြန်မာနိုင်ငံအတွက် သိပ္ပံ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဆိုင်ရာ     လမ်းပြမြေပုံရေးဆွဲ ဆောင်ရွက်နိုင်ရန်     သိပ္ပံနှင့် နည်းပညာဆိုင်ရာ      လက်ရှိ ဆောင်ရွက်နေမှုများနှင့်   အမျိုး သားလူမှုစီးပွား    ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပေး နေမှုများကို stakeholders များ နှင့် ဆွေးနွေးညှိနှိုင်းသော အလုပ် ရုံဆွေးနွေးပွဲကို   နေပြည်တော်ရှိ သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌   ဩဂုတ် ၈ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ရာ သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် တက်ရောက်အမှာ စကားပြောကြားသည်။


အဆိုပါဆွေးနွေးပွဲသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တက္ကသိုလ် များမှ ပါမောက္ခများ၊ UMFCCI မှ ကိုယ်စားလှယ်များ၊  ကျွမ်းကျင် ပညာရှင်များ၊ MSME အသင်းအဖွဲ့ များမှ      ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ် တီထွင်မှုသည်   ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခု၏   အလုံးစုံတိုးတက်မှု အတွက်   အဓိကမောင်းနှင်အား တစ်ခုဖြစ်ခြင်းကြောင့်        သိပ္ပံ၊ နည်းပညာနှင့်   ဆန်းသစ်တီထွင် မှု    ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြစ် သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊   သမ ဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊     သံယဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊  စက်မှုဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံ နှင့်   နည်းပညာဝန်ကြီးဌာနနှင့် ကျန်းမာရေး   ဝန်ကြီးဌာနများမှ ပညာရှင်များ၊  ကျွမ်းကျင်သူများ၊ UMFCCI    မှ     ကိုယ်စားလှယ် များ၊  MSME  အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များသည်  သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေးဆိုင်ရာ  လုပ်ငန်းများ လက်ရှိဆောင်ရွက်နေမှု၊ လိုအပ် ချက်၊      ကွာဟချက်များနှင့် ဆက်လက်အကောင်အထည်ဖော် မည့်လုပ်ငန်းများ   ချမှတ်နိုင်ရန် စုပေါင်း    ဆွေးနွေးကြခြင်းဖြစ် သည်။


သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှု  တိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာအုပ်ချုပ်မှု အစီ အမံကောင်းများ၊   လုပ်ငန်းခွင် တွင်  အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအား   အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် မည့် နည်းလမ်းများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက်      သုတေသနနှင့် ဆန်းသစ်သော      နည်းပညာ များ   အထောက်အကူပြုနိုင်ရန် ပုဂ္ဂလိက    အဖွဲ့အစည်းများနှင့် တက္ကသိုလ်များ၊   သုတေသနဌာန များ      ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးတို့ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည့် လုပ်ငန်းများဖြင့် မဟာ ဗျူဟာ လမ်းပြမြေပုံထွက်ပေါ်ရန် ရည်ရွယ်ပြီး အုပ်စုဖွဲ့ဆွေးနွေးခြင်း များကိုလည်း    ဆောင်ရွက်ခဲ့ကြ သည်။                          

သတင်းစဉ်