
နေပြည်တော် ဒီဇင်ဘာ ၂၈
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အခမ်းအနားကို ယနေ့တွင် သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သောနည်းပညာ များ ပံ့ပိုးကူညီဆောင်ရွက်နေမှုများ၊ နည်းပညာ လွှဲပြောင်းခြင်းများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နိုင်ငံတော်၏ ရင်းနှီး မြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာမူဝါဒများကို ပံ့ပိုးပေး နိုင်ရန်၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် အတွက် စံချိန်စံညွှန်း သတ်မှတ်ခြင်း၊ အသိအမှတ် ပြုခြင်း၊ တိကျစွာတိုင်းတာခြင်းနည်းပညာ၊ အရည် အသွေး ထောက်ခံချက်ထုတ်ပေးခြင်း၊ ဓာတ်ခွဲ စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို သုတေသီများ၊ ပညာရှင်များက စဉ်ဆက်မပြတ် လက်ဆင့်ကမ်း ကြိုးပမ်းဆောင်ရွက်လာခဲ့ပါကြောင်း၊ ယခုအခါတွင် ဦးစီးဌာနအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူပြုသော သုတေသန လုပ်ငန်းများနှင့် နည်းပညာဝန်ဆောင်မှုများပေးခြင်း တို့ကို ဆောင်ရွက်ခဲ့သည်မှာ စိန်ရတုအထိမ်းအမှတ် (၇၅) နှစ် ပြည့်ခဲ့ပြီဖြစ်ပါကြောင်း တာဝန်ထမ်းဆောင် ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်း အရာထမ်း၊ အမှုထမ်း များအား ဂုဏ်ပြုမှတ်တမ်းတင်ခြင်း၊ လက်ရှိတာဝန် ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းဝန်ထမ်း များကို အားပေးချီးမြှင့်ခြင်းအနေဖြင့် စိန်ရတုအထိမ်း အမှတ် အခမ်းအနားကို ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ စိန်ရတုအထိမ်းအမှတ် အခမ်းအနားတွင် ဒေသတွင်းနှင့် နိုင်ငံတကာ စွန့်ဦးတီထွင်မှုပြိုင်ပွဲ များတွင် ဆုများရရှိခဲ့သော ပြည်တွင်း MSME လုပ်ငန်းရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို ဆုများ ချီးမြှင့်ကြသည်။ ထို့ပြင် စိန်ရတုအထိမ်း အမှတ်အခမ်းအနားကို ကြိုဆိုသောအားဖြင့် ပြည်တွင်း MSME လုပ်ငန်းရှင်များ တောင်းဆိုထား သော နည်းပညာများလွှဲပြောင်းခြင်းနှင့် နည်းပညာ ဖြန့်ဝေခြင်းတို့ကို ဒီဇင်ဘာ ၂၉ ရက်တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
အခမ်းအနားသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အငြိမ်း စား ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။
သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန သည် ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော် စက်မှုလက်မှု သုတေသနအဖွဲ့အမည်ဖြင့် အစပြုခဲ့ပြီး ၁၉၅၄ ခုနှစ် တွင် မြန်မာနိုင်ငံ လက်တွေ့သုတေသနလုပ်ငန်းအဖွဲ့၊ ၁၉၇၃ ခုနှစ်တွင် ဗဟိုသုတေသန လုပ်ငန်းအဖွဲ့၊ ၁၉၉၄ ခုနှစ်တွင် မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေ သနဦးစီးဌာန၊ ၂၀၁၅ ခုနှစ်တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန စသည်ဖြင့် ခေတ်နှင့် အညီ အမည်အမျိုးမျိုးပြောင်း၍ နိုင်ငံတော်မှ ချမှတ်ထားသော သုတေသနနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများကို အကောင်အထည်ဖော်လျက် သုတေ သနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နည်းပညာ လွှဲပြောင်းခြင်း၊ မြန်မာစံချိန်စံညွှန်းချမှတ်ခြင်းများ ပြုလုပ်လာခဲ့ရာ ၂၀၂၂ ခုနှစ်တွင် (၇၅) နှစ်တိုင် ခရီးကို ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ အဆိုပါ စိန်ရတုအထိမ်း အမှတ် အခမ်းအနားတွင် ဒေသတွင်းနှင့် နိုင်ငံတကာ စွန့်ဦးတီထွင်မှုပြိုင်ပွဲများတွင် ဆုများ ရရှိခဲ့သော ပြည်တွင်း MSME လုပ်ငန်းရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆုများချီးမြှင့်ခဲ့ကြသည်။ စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို ကြိုဆိုသော အားဖြင့် ပြည်တွင်း MSME လုပ်ငန်းရှင်များတောင်းဆို ထားသော နည်းပညာများ လွှဲပြောင်းခြင်းနှင့် နည်းပညာဖြန့်ဝေခြင်းတို့ကိုလည်း ဒီဇင်ဘာ ၂၉ ရက် တွင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်