
ရန်ကုန် ဇန်နဝါရီ ၆
ပိုင်ရှင်ရှာမရခဲ့သည့် သိန်းငါးထောင် ကံထူးရှင် ကို ခြောက်ရက်အကြာတွင်မှ အဆက်အသွယ် ပြန်လည်ရရှိခဲ့ကာ ပိုင်ရှင်ကိုယ်တိုင်ပင်လျှင် ထီပေါက်သည်ကို မသိခဲ့ကြောင်း အေးငြိမ်း ချမ်းသာထီဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဇန်နဝါရီ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော (၅၈)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် အေးငြိမ်းချမ်းသာ ထီဆိုင်ကြီးမှ ဆ-၄၂၈၀၈၈ ထီပေါက်သော သိန်းငါးထောင်ကံထူးရှင်ကို ရှာမရခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၆ ရက် နံနက်ပိုင်း တွင်မှ သိရခြင်းဖြစ်ကာ ကံထူးရှင်မှာ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ် ကြောင်း သိရသည်။
“သူက ကျွန်တော်တို့ဆိုင်မှာ ထိုးတာ မဟုတ်ဘူး။ နေပြည်တော်ဘက် ကျွန်တော့် ကိုယ်စားလှယ်ဆီမှာ ထိုးတာ။ ရောင်းတဲ့ ကိုယ်စားလှယ်က မနေ့က ထီတိုက်တယ်။ ပထမနေ့က သူတိုက်တာ မတွေ့လိုက်ဘူး။ ကျွန်တော်တို့က အတင်းရှာခိုင်းနေတာ ပေါက်တဲ့သူဆုံးရှုံးသွားရင် ဘယ်သူနဲ့မှ အစား ထိုးလို့မရဘူး။ အဲဒီတော့ ရအောင်ရှာကြ ဆိုပြီးတော့ ကိုယ်စားလှယ်တွေကို ရှာခိုင်း တယ်။ ရှာခိုင်းတော့ရှာတဲ့အထဲမှာ မနေ့ညက အဲဒီကိုယ်စားလှယ်က တွေ့တယ်။ တွေ့တော့ ပေါက်တဲ့ကံထူးရှင်ကို မနက်ကျတော့ သူအဲဒီ အိမ် အစောကြီးရောက်သွားတာ။ ပေါက်တဲ့ ကံထူးရှင်ကို ထီတိုက်ပြီးပြီလား။ ထီလက်မှတ် လေးပြပါဦး ပြောတော့ ပေါက်တဲ့အထဲက သိန်းငါးထောင်များဖြစ်နေမလား မသိဘူး ဆိုပြီး ကြည့်လိုက်တော့ ဆလိမ်ဆိုပြီး အကုန်လုံး ဝမ်းသာသွားကြတာပေါ့။ ထိုးထားတဲ့ကံထူးရှင် က ဒီနေ့မှ သိသွားတာပါ”ဟု အေးငြိမ်းချမ်းသာ ထီဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
(၅၈)ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲ မှာ သိန်းငါးထောင်ကံထူးရှင် ရှာဖွေဆက်သွယ် မှု မရရှိခဲ့သည့်အတွက် အဆိုပါထီဆိုင်မှ ကိုယ်စားလှယ်များက ကံထူးရှင်အား ဆက်သွယ် မှုရရှိစေရန် လူမှုကွန်ရက်များ၌ ကြေညာကာ ရှာဖွေခဲ့ကြသည်။
“ကိုယ်စားလှယ်တွေ အကုန်လုံးကလည်း ပို့စ်တွေတင်ပြီး အကုန်လုံးရှာကြတယ်။ ကိုယ်စားလှယ်တွေကလည်း ရအောင်ရှာကြ မယ်တဲ့။ ပေါက်တဲ့သူကို ငါတို့ တွေ့ရင် ဂဏန်း တွေမှတ်တာတွေ၊ ပြုတာတွေ လုပ်ဖို့အကုန် လိုက်ရှာကြတာ။ ကျန်တဲ့အက္ခရာ တွေ့တယ် ဗျ။ အဲဒီပေါက်တဲ့အက္ခရာကို မတွေ့ဘူးဖြစ်နေ ခဲ့တာ”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
သစ်တော်