သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ မျက်စိဝေဒနာရှင်များအား တတိယအကြိမ် အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေး

 

ရန်ကုန်    နိုဝင်ဘာ   ၁၀


ရန်ကုန်တိုင်းဒေသကြီး    ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်-၁၀ ပင်လုံလမ်းရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ရှစ်ထပ်ကျောင်းဆောင် သီတဂူစက္ခုဒါနအဆင့်မြင့်ဆေးရုံကြီး၌   ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ  မျက်စိဝေဒနာရှင်များအား တတိယအကြိမ်အဖြစ် အခမဲ့စမ်းသပ် ခွဲစိတ်ကုသ ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်  တိုင်းဒေသကြီးဝန်ကြီးများ၊    ခရိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လိုအပ် သည်များ      ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ရေးနှင့် ဆရာတော်ကြီး၏ မိန့်ကြား လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပေးနိုင်ရေးအတွက်    ဆရာတော်ကြီး သီတင်းသုံးရာ    သီတဂူဗုဒ္ဓတက္ကသိုလ်သို့  နိုဝင်ဘာ ၉ ရက်က သွားရောက်ကြသည်။


တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် သီတဂူဆရာတော်ကြီး   ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အား ဖူးမြော်ကြည်ညို၍   လှူဖွယ်ပစ္စည်းများနှင့် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသ ပေးရာတွင် လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရေး အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျက်စိအထူးကုဆရာဝန်ကြီးများက စက္ခုဒါန ဆေးရုံတွင်  တပ်ဆင်ထားသည့်    ခေတ်မီစမ်းသပ် စစ်ဆေးသည့် စက်သစ်ကြီးများဖြင့် မျက်စိဝေဒနာခံစားနေရသောပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ပြသသော  လူနာများအား လိုအပ်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပေးပြီး ခွဲစိတ်ရန်မလို သောလူနာများအား ဆေးများ  အခမဲ့ကုသပေးနေမှု အခြေအနေများကိုကြည်ရူ၍ မျက်စိဝေဒနာရှင်များ ကို အားပေးစကားပြောကြားသည်။


သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ အနယ်နယ် အရပ်ရပ်မှ   မျက်စိဝေဒနာရှင်များအား    တတိယ အကြိမ်အဖြစ် နိုဝင်ဘာ ၇ ရက်မှစ၍  ၁၃ ရက်အထိ စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)