သီတဂူဆရာတော်ကြီး၏ နှစ်သစ်ဆုတောင်း

 

အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်သာသနာပိုင် 
သီတဂူအဓိပတိဆရာတော် ဘုရားကြီး
တရားချစ်ခင်သူတော်စင်အပေါင်းတို့ ၂၀၂၂ ဆိုတဲ့ နှစ်ဟောင်းတစ်ခု တော့ကုန်သွားပြန်ပြီ၊ ၂၀၂၃ ဆိုတဲ့ နှစ်သစ်တစ်ခုကိုကူးပြောင်းလာပါ ပြီ၊ အဟောင်းတွေ   ကုန်ကုန်သွားပြီးတော့  အသစ်တွေပြောင်း ပြောင်းလာတဲ့အခါ    အဲဒီနှစ်ဟောင်းက   ကိုယ်ပြုခဲ့တဲ့ကောင်းမှုနဲ့ မကောင်းမှု ဒီနှစ်ခုစာရင်းချုပ်ကြည့်ကြရမယ်၊ မကောင်းမှုကများတယ်၊ ကောင်းမှုကနည်းရင် ထိုနှစ်ထိုပုဂ္ဂိုလ်ဟာ အရှုံးထွက်တယ်၊ ကောင်းမှု ကများပြီးတော့ မကောင်းမှုနည်းရင်တော့ ထိုနှစ်ဟောင်းမှာ ထိုပုဂ္ဂိုလ် ဟာ အမြတ်ထွက်တယ်၊ အဲဒါကြောင့်  နှစ်ဟောင်းနှစ်သစ်အတွက်  ကောင်းမှုတွေများများပြုနိုင်ဖို့  မကောင်းမှုတွေကို  နည်းနိုင်သမျှ နည်းအောင်ပြုလုပ်ကြဖို့ ရှေးဦးစွာတိုက်တွန်းပါတယ်။
နှစ်ဟောင်းတွေကုန်လို့နှစ်သစ်ပြောင်းဆိုတာ အနိစ္စလက္ခဏာရဲ့ ထင်ရှားပြသချက်ဖြစ်ပါတယ်။  အဲဒီတော့  တရားချစ်ခင်သူတော်စင် အပေါင်းတို့ မြတ်စွာဘုရားကိုယ်တော်မြတ်က စက္ကဝတ္တိသုတ်တော်မှာ ဟောတော်မူတဲ့အချက်ကလေးသုံးချက်ကို   ရှေးဦးစွာ  ပြောပါရစေ၊ လောဘုဿဒါရ  ပဇာရ    ဒုဗ္ဘိက္ခန္တရကပ္ပေါဟောတိ       လောဘ ထူပြောတဲ့ကမ္ဘာမှာ လောဘကိုမထိန်းသိမ်းနိုင်တဲ့ကမ္ဘာမှာ စီးပွားရေး တွေကျပ်တည်းပြီးတော့   အငတ်ဘေးတွေ  ကြုံရတတ်တယ်။ အဲဒါ ကြောင့်နှစ်ဟောင်းမှာ ဒီလောဘတွေကို ထိန်းချုပ်နိုင်ခဲ့သလား မထိန်း ချုပ်နိုင်ခဲ့သလား၊ မိမိတို့ရဲ့ဘဝ ဒါစာရင်းတွက်ပြီးတော့ စာရင်းစစ်ဖို့လို ပါတယ်။ ဒီတော့ လာမယ့်နှစ်သစ်အတွက် အားလုံးကို  တိုက်တွန်း ချင်တာက လောဘထူပြောတဲ့ကမ္ဘာမှာ အငတ်ဘေးကြုံရတတ်တယ်လို့ မြတ်စွာဘုရားဟောတော်မူတဲ့အတွက်ကြောင့်   အားလုံးလာမယ့် နှစ်သစ်မှာ လောဘကိုထိန်းချုပ်နိုင်ကြပါစေ၊ လောဘကိုရုပ်သိမ်းနိုင်ကြ ပါစေ၊ လောဘကိုစည်းကမ်းသတ်နိုင်ကြပါစေဆိုတာ ရှေးဦးစွာမေတ္တာ ပို့ဆုတောင်းပါတယ်။
မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေ လောဘတရားကိုထိန်းချုပ် နိုင်ကြပါစေ၊ ကမ္ဘာသူကမ္ဘာသားတွေ လောဘတရားကို ထိန်းချုပ်နိုင် ကြပါစေ၊ စီးပွားရေးကျပ်တည်းအငတ်ဘေးမှ လွတ်မြောက်နိုင်ကြ ပါစေလို့   လောဘနဲ့ပတ်သက်လို့  ဤမျှလောက်မေတ္တာပို့ပါတယ်။ ဆုတောင်းပါတယ်။ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ဆင်းရဲခပ်သိမ်းချုပ်ငြိမ်းကြပါစေ၊ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နောက်  ဒုတိယ  မြတ်စွာဘုရားဟောတော်မူတဲ့ အချက်ကတော့ ဒေါသုဿဒါရ  ပဇာရ  သတ္တန္တရကပ္ပေါဟောတိ ဒီလို ဟောပါတယ်။ အဓိပ္ပာယ်က ဒေါသတွေ လွန်ကဲတဲ့ကမ္ဘာမှာ ဒေါသ ထူပြောတဲ့ကမ္ဘာမှာ လက်နက်အမျိုးမျိုးဘေးနဲ့  လူသားတွေဟာ သေကြ ရတယ်လို့ ဒီလိုဟောပါတယ်။  သတ္တန္တရကပ်ဆိုက်တယ်လို့   ဒီလို ပြောပါတယ်။ အဲဒါကြောင့် လွန်လေပြီးသောနှစ်ဟောင်းမှာ ဒေါသကို တို့ဘယ်လောက်များ  ထိန်းချုပ်နိုင်ခဲ့သလဲ၊   ဘယ်လောက်တောင် စည်းမဲ့ကမ်းမဲ့လွှတ်ပေးခဲ့သလဲ၊ အဲဒါပြန်တွက်ပြီးတော့ အရှုံးအမြတ် တွက်ကြည့်ပြီးတဲ့အခါမှာ လာမယ့်နှစ်သစ်အတွက်လည်းပဲ ဒီဒေါသ ကို ထိန်းချုပ်ပြီးတော့ အေးချမ်းစွာနေနိုင်ဖို့ ရှေးဦးစွာဆုတောင်းပါတယ်။ ဒုတိယဆုတောင်းပါတယ်။ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေ ဒေါသ တရားကိုထိန်းချုပ်နိုင်ကြပါစေ၊  မင်းကွန်းဆရာတော်ကြီးမိန့်သလိုဆိုရင်တော့ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊ ဘေးရန်ခပ်သိမ်းငြိမ်းချမ်းကြပါစေ၊ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေ ဒေါသခပ်သိမ်းငြိမ်းကြ ပါစေ၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ကမ္ဘာသူကမ္ဘာသားတွေ ဒေါသခပ်သိမ်းထိန်းချုပ်နိုင်ကြပါစေ၊ ဘေးရန်ခပ်သိမ်းငြိမ်းချမ်းကြပါစေလို့ ဒုတိယဒေါသနဲ့ ပတ်သက်လို့ စက္ကဝတ္တိသုတ်တော်အရဆုတောင်း မေတ္တာပို့ပါတယ်။ နောက်တတိယ မောဟုဿဒါရ ပဇာရ ရောဂန္တရ ကပ္ပေါ လို့ စက္ကဝတ္တိသုတ်မှာ ဟောထားတာရှိပါတယ်။ မောဟထူပြောတဲ့ ကမ္ဘာမှာ ရောဂါထူပြောတယ်လို့ စက္ကဝတ္တိသုတ်မှာဘုရားဟောပါတယ်။ ဒါ့ကြောင့်   လက်တွေ့မိမိတို့ခံစားနေရတဲ့  အခြေအနေနဲ့  မိမိတို့ရဲ့ နှစ်ဟောင်းက မောဟတရားတွေ မိမိတို့ တစ်တွေဘယ်လောက်ထိန်းချုပ် နိုင်ခဲ့သလဲဆိုတာ ပြန်လည်ဆန်းစစ်ပြီးတော့ အရှုံးအမြတ်တွက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် လာလတ္တံ့နှစ်သစ်အတွက်  မြန်မာနိုင်ငံ သူ နိုင်ငံသားတွေ ရောဂါထူပြောခြင်းအကြောင်းဖြစ်တဲ့ မောဟတရား ကို ထိန်းချုပ်နိုင်ကြပါစေ၊   ရောဂါထူပြောခြင်းရဲ့  အကြောင်းဖြစ်တဲ့ မောဟတရားကို   ပယ်သတ်နိုင်ကြပါစေ၊   ကမ္ဘာသူ  ကမ္ဘာသားတွေ မောဟကိုထိန်းချုပ်နိုင်ကြပါစေ၊ မောဟတရားကို ပယ်သတ်နိုင်ကြ ပါစေ၊ လောဘကိုလည်းထိန်းချုပ်၊ မောဟကိုလည်းထိန်းချုပ်၊ ဒေါသ ကိုလည်း ထိန်းချုပ်၊ မောဟကိုလည်း ထိန်းချုပ်လို့ ကမ္ဘာသူကမ္ဘာသား တွေ ငြိမ်းချမ်းသာယာရှိပါစေ၊  အငတ်ဘေးမှလည်း လွတ်မြောက်ပါစေ၊ စီးပွားရေးအကျပ်အတည်း    ဘေးမှလည်း    လွတ်မြောက်ကြပါစေ၊ လက်နက်အမျိုးမျိုးနဲ့ သေကျေပျက်စီးတဲ့ ဘေးဒုက္ခအပေါင်းမှလည်း လွတ်မြောက်ကြပါစေ၊ နှိပ်စက်လာတဲ့ရောဂါအမျိုးမျိုးရဲ့ ဘေးမှလွတ် မြောက်နိုင်ကြပါစေလို့ဆုတောင်းပါတယ်၊ မင်းကွန်းဆရာတော်ကြီးဆုတောင်းသလို ပြောရမယ်ဆိုရင်တော့ လောဘခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊ မောဟခပ်သိမ်းငြိမ်းချမ်းကြပါစေ၊ နိုင်ငံသူ နိုင်ငံသားတွေ    ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေလို့   စက္ကဝတ္တိ သုတ်တော်အရ နှစ်သစ်ဆုတောင်းကို ဤသို့ပြုပါတယ်။ နိဂုံးအနေ နဲ့တော့  မေတ္တသုတ္တန်ကလာတဲ့  အံ့ဩဖွယ်ကောင်းတဲ့  မေတ္တာပို့ စာပိုဒ်ကလေးကိုရွတ်ပြီးတော့ ဘုန်းကြီးတို့နှစ်ဦးကို ဆုတောင်းပါမယ်၊ နှစ်ဦးကိုမေတ္တာပို့ပါမယ်၊  မေတ္တသုတ္တန်မှာ န ပရော ပရံ နိကုဗ္ဗေထ နာတိမညေထ ကတ္ထစိ န ကဉ္စိ ဗျာရောသနာ ပဋိဃသည နာညမညဿ ဒုက္ခ မိစ္ဆေယျ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ဗုဒ္ဓဘာသာလောကတစ်ခုလုံး မှာ  အလွန်ခေတ်စားတဲ့  မေတ္တသုတ္တန်ဖြစ်ပါတယ်။ မပါမပြီးတဲ့ မေတ္တသုတ်၊   အဲဒီမေတ္တသုတ်ထဲက   ဒီဂါထာတစ်ပိုဒ်ဟာ  အလွန် အံ့ဩဖွယ်ကောင်းတယ်။ ထိရောက်တဲ့မေတ္တာပို့တစ်ခုဖြစ်ပါတယ်။ တစ်ပါးသောသူသည် တစ်ပါးသောသူကို န နိကုဗ္ဗေထ အမျက်မထွက် ပါစေနဲ့ တစ်ယောက်သောသူသည် တစ်ယောက်သောသူကို အမျက် မထွက်ပါစေနဲ့ ဒါဟာမေတ္တာပို့ပဲ၊ ဒေါသကင်းခြင်းဟာမေတ္တာပဲ၊ ဒေါသ နဲ့မေတ္တာကဆန့်ကျင်ဘက်၊ မေတ္တာဆိုတာဒေါသကိုဖယ်ရှားတာဖြစ် ပါတယ်။ ဒါကြောင့်  န ပရော  ပရံ နိကုဗ္ဗေထ   အမျက်ထွက်ခြင်း အချင်းချင်းကင်းရှင်းကြပါစေ၊  နှစ်သစ်အတွက်အထူးပဲ ဒီမေတ္တာပို့ကို ဘုန်းကြီးတို့ပို့လွှတ်ပါရစေ၊ န ပရော ပရံ နိကုဗ္ဗေထ အမျက်ထွက်ခြင်း အချင်းချင်းကင်းရှင်းကြပါစေ၊ နောက် နာတိမညေထ ကတ္ထစိ န ကဉ္စိ ဘယ်အရပ်မှာဖြစ်ဖြစ် ဘယ်သူကဖြစ်ဖြစ် ဘယ်သူကို့မဆို နာတိ မညေထ အထင်သေးခြင်း၊ မထီလေးစားပြုခြင်းမရှိကြပါစေနဲ့ ဒီလို လည်း မေတ္တာပို့ထားတာအံ့ဩဖွယ်ကောင်းပါတယ်။ ပဋိပက္ခဖြစ်ခြင်း တွေဟာ  အထင်သေးတာတွေ၊ မထီလေးစားလုပ်တာတွေဟာလည်း အကြောင်းရင်းတစ်ခုအနေနဲ့ ပါတယ်။ အဲဒါကြောင့် နာတိမညေထ ကတ္ထစိ န ကဉ္စိ  အထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေ၊ နှစ် ဟောင်းအတွက်ရော၊    နှစ်သစ်အတွက်ရော    မေတ္တသုတ္တန်ရဲ့ ဆုတောင်းကို  အထူးပဲရွတ်ဆိုပြီးတော့   နှစ်သစ်ကိုကြိုဆိုပါတယ်။ နောက်  ဗျာရောသနာဆိုတာက စောင်းမြောင်းတာ၊ ပုတ်ခတ်တာ အတင်းအဖျင်းပြောတာ တစ်ပါးသောသူသည် တစ်ပါးသောသူကို မည်သူကပဲဖြစ်ဖြစ် မည်သည့်အရပ်မှာမဆို စောင်းမြောင်းလိုသော ပုတ်ခတ်လိုသော ချုပ်ချယ်လိုသောစိတ်ဓာတ်ဖြင့် နှိပ်စက်ပင်ပန်းအောင်မလုပ်ကြပါစေနဲ့ ဒါကြောင့်ဒီစာပိုဒ်ကိုလည်းပဲ  လင်္ကာလေးပေး ပြီးတော့ နှစ်ဦးအတွက်ဆုတောင်းရမယ်ဆိုလို့ရှိရင် ပုတ်ခတ်လိုခြင်း အချင်းချင်း  ကင်းရှင်းကြပါစေ၊   စောင်းမြောင်းလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ၊   ချုပ်ချယ်လိုခြင်းအချင်းချင်း  ကင်းရှင်းကြပါစေ၊ နောက်တစ်ခုက   ပဋိဃသညဆိုတာ   ရန်ငြိုးပဲ၊  ဆဲသွားတဲ့လူ တစ်ယောက်ကိုပြန်ဆဲနေမယ်ဆိုရင် အပြန်အလှန်ဆဲနေတဲ့ဆဲပွဲကြီး ပြီးမှာမဟုတ်ဘူး၊   ကိုယ့်ကိုပုတ်ခတ်သွားတဲ့သူကို   ပြန်ပုတ်ခတ် နေမယ်ဆိုလို့ရှိရင် ပုတ်ခတ်နှိပ်စက်တဲ့ဒီပွဲကြီး ဘယ်တော့မှပြီးမှာ မဟုတ်ဘူး။ အနိုင်ကျင့်သွားတဲ့သူကို အနိုင်ယူဖို့ပြန်ကြိုးစားနေသရွေ့ ကာလပတ်လုံး    အပြန်အလှန်အနိုင်ကျင့်တဲ့    ဒီပွဲကြီးဟာလည်း  ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ဘူး။ ပဋိဃသည  ရန်ငြိုးဖွဲ့တာ  ရန်ပြုတဲ့သူကို ပြန်ပြီးတုံ့ပြန်ခြင်းသည် ဒီရန်ပွဲဟာဘယ်တော့မှမပြီးဘူး။ မငြိမ်းဘူးလို့ မြတ်စွာဘုရားဟောပါတယ်။ အဲဒါကြောင့် ရန်ငြိုးဖွဲ့ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊  ရန်ငြိုးဖွဲ့ခြင်းအချင်းချင်း  ကင်းရှင်း ကြပါစေလို့ ဒီလိုနှစ်သစ်ကို မေတ္တာဆုတောင်းနဲ့   ကြိုဆိုပါတယ်။ နောက်တစ်ခုက နာညမညဿဒုက္ခမိစ္ဆေယျအဓိပ္ပာယ်က  တစ်ယောက် သည် တစ်ယောက်ဒုက္ခရောက်တာကို မလိုလားကြပါစေနဲ့။ အများ အားဖြင့် ကမ္ဘာမှာ ဒီဥစ္စာကလည်းပဲ ဖြစ်နေကျ။ တစ်ယောက်က တစ်ယောက်ရဲ့ ချမ်းသာသုခကို မလိုလားပဲနဲ့ တစ်ယောက်ယောက်ဒုက္ခ ရောက်တာကို လိုလားတဲ့စိတ်တွေဟာ ပြန့်ပွားနေတယ်။ မင်းကွန်း ဆရာတော်ဘုရားကြီးရဲ့မေတ္တာပို့မှာ ဒီအပိုဒ်ကို အကျယ်တဝင့်မိန့်ပါ တယ်။ အဲဒါကြောင့် သူတစ်ပါးတို့အပေါ်မှာ   ရန်လိုတဲ့  စိတ်ဆင်းရဲစေလို တဲ့စိတ်၊ ဒုက္ခဖြစ်စေချင်တဲ့စိတ်သည် ဘယ်သူကမှဘယ်သူကိုမှ မမွေး ကြပါစေနဲ့ လို့ ဒီမေတ္တာပို့ဆုတောင်းကလည်း ဆိုထိုက်တဲ့ မေတ္တာပို့ ဆုတောင်း၊ ပို့ထိုက်တဲ့ မေတ္တာပို့ဆုတောင်းတစ်ခုဖြစ်ပါတယ်။ နာည မညဿ ဒုက္ခမိစ္ဆေယျ ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ၊  ဆင်းရဲလိုခြင်း အချင်းချင်းကင်းရှင်းကြပါစေ၊ နှိပ်စက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊   ရန်ငြိုးဖွဲ့ခြင်းအချင်းချင်း  ကင်းရှင်းကြပါစေ၊ ပုတ်ခတ်လိုခြင်းအချင်းချင်း  ကင်းရှင်းကြပါစေ၊  အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ အမျက်ထွက်ခြင်းအချင်းချင်း ကင်းရှင်း ကြပါစေလို့   မေတ္တသုတ္တန်လာတဲ့  နပရောပရံနိကုဗ္ဗေထ ဂါထာရဲ့ အဓိပ္ပာယ်များကို  အနုလုံပဋိလုံဘုန်းကြီးတို့ မေတ္တာပို့၍ နှစ်သစ်ကိုအေးချမ်းစွာနေနိုင်ကြဖို့ ကြိုဆိုပါတယ်။ နိဂုံးမှာကတော့ မေတ္တာနှလုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ၊ ကရုဏာနှလုံးကိုယ်စီသုံး ရွှင်ပြုံးကြပါစေ၊ တို့မေတ္တာစွမ်းကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ၊ နှစ်သစ်မှာတိုင်းသူပြည် သားလူရှင်အားလုံး  နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊   နှစ်သစ်မှာ ကမ္ဘာသူ  ကမ္ဘာသားအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊  သီတဂူ စမ်းလပမာ ချမ်းမြသာယာရှိတော်မူကြပါစေ။       ။