
ကိုလံဘို စက်တင်ဘာ ၁
သီရိလင်္ကာနိုင်ငံ၌ စားနပ်ရိက္ခာ ပြတ်လပ် နေချိန်တွင် ပြည်သူ ၁ ဒသမ ၅ သန်းမှာ အရေးပေါ် အစားအစာ အထောက်အပံ့များ လိုအပ်နေကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (ဒဗလျူ အက်ဖ်ပီ) က စက်တင်ဘာ ၁ ရက်တွင် ပြောကြား သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် တောင်အာရှနိုင်ငံ အတွင်း စီးပွားရေးအကျပ်အတည်းကြောင့် သီရိ လင်္ကာနိုင်ငံသား ၁၀ ဦးအနက် သုံးဦးမှာ အစား အစာမလုံလောက်မှုနှင့် ကြုံတွေ့နေရပြီး ကိုယ်ဝန် ဆောင်နှင့် နို့တိုက်မိခင်များတွင် အဆိုးရွားဆုံး ခံစားနေရကြောင်း၊ သီရိလင်္ကာနိုင်ငံသား ၆ ဒသမ ၃ သန်းနီးပါးသည် အစားအစာမလုံလောက်မှုနှင့် အကူအညီများ လိုအပ်နေကြောင်း ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (ဒဗလျူအက်ဖ်ပီ) က ပြောကြား သည်။
သီရိလင်္ကာနိုင်ငံ၌ နိုင်ငံခြားငွေ ပြတ်လပ်မှု ကြောင့် လက်ရှိတွင် အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံခြားငွေ ပြတ်လပ်မှုကြောင့် အစားအစာ အမျိုးအမည်အများ အပြား တင်သွင်းခွင့်ကို အဟန့်အတားဖြစ်စေခဲ့ ကြောင်း သိရသည်။
ဆင်ဟွာ