သီရိလင်္ကာနိုင်ငံ၌ တစ်နေ့တည်း ကိုဗစ် - ၁၉ ကာကွယ်ဆေး လူပေါင်းလေးသိန်းနီးပါးအား ထိုးနှံပေး

ကိုလံဘို    ဇူလိုင်   ၁၅   
သီရိလင်္ကာကျန်းမာရေးအာဏာပိုင်များ က ဇူလိုင် ၁၄  ရက်နေ့တစ်ရက်တည်း ကိုဗစ်-၁၉ ကာကွယ်ဆေး   အများဆုံး ပမာဏဖြစ်သည့်       လူပေါင်းလေးသိန်း နီးပါးထိုးပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏    ထုတ်ပြန်လိုက်သော        စာရင်း ဇယားအချက်အလက်များအရ သိရသည်။ 
ဇူလိုင် ၁၄ ရက်က လူပေါင်း ၃၈၄၇၆၃ ဦးကို   ကိုဗစ်-၁၉   ကာကွယ်ဆေးထိုး ပေးခဲ့ကြောင်း၊ ၎င်းတို့အနက် ၃၃၈၅၇၂ ဦးကို ဆီနိုဖမ်း ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးပေးခဲ့ကြောင်း၊ ၃၅၄၁၀ မှာ ဒုတိယအကြိမ်    ဆီနိုဖမ်းကာကွယ် ဆေးထိုးခြင်းကိုခံယူခဲ့ကြောင်း သိရသည်။ 
ထို့အပြင် လူပေါင်း ၃၃၆၅ ဦး စပွတ် နစ်ဗွီ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမ အကြိမ် ထိုးနှံမှုခံယူခဲ့ကာ လူပေါင်း ၇၄၁၆ ဦးမှာ ဖိုက်ဇာကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူခဲ့သည်။ 
သီရိလင်္ကာနိုင်ငံတွင်    ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ်  ထိုးပြီးသူ လေးသန်းကျော် ရှိလာပြီဖြစ်ကြောင်းနှင့် အများစုမှာ ဆီနိုဖမ်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးမှုခံယူခဲ့ကြသည်။ 
သီရိလင်္ကာနိုင်ငံတွင်     ဒယ်လ်တာ သန္ဓေပြောင်းမျိုးစိတ်     ကူးစက်ပျံ့နှံ့ လျက်ရှိရာ လတ်တလောတွင် ကိုဗစ်-၁၉ တတိယလှိုင်း      ကူးစက်ဖြစ်ပွားမှုနှင့် ရင်ဆိုင်နေရသည်။ သီရိလင်္ကာနိုင်ငံတွင်    ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၇၉၀၅၉  ဦးရှိပြီး သေဆုံးသူ ၃၆၁၁ ဦး   ရှိလာပြီ ဖြစ်ကြောင်း သိရသည်။          ဆင်ဟွာ