သီရိလင်္ကာနိုင်ငံ၌ အစိုးရအဖွဲ့ဝင် နောက်ထပ်ရှစ်ဦး ကျမ်းသစ္စာကျိန်ဆို


 

ကိုလံဘို   မေ   ၂၃
သီရိလင်္ကာနိုင်ငံ၌  နိုင်ငံရေးမတည် ငြိမ်မှုနှင့် စီးပွားရေးအကျပ်အတည်း များ       ရင်ဆိုင်နေရသော်လည်း နောက်ထပ်အစိုးရအဖွဲ့ဝင် ရှစ်ဦး သည်   သီရိလင်္ကာသမ္မတ ဂိုတာ ဘာယာရာ ဂျာပါခ်ဆာ၏ရှေ့မှောက် တွင်    မေ ၂၃ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။ 
အဆိုပါ    ဝန်ကြီးရှစ်ဦးသည် ကိုလံဘိုရှိ    သမ္မတအိမ်တော်၌ ကျမ်းသစ္စာ    ကျိန်ဆိုခဲ့ခြင်းဖြစ် ကြောင်း၊      နောက်ပိုင်းတွင် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီး ၌    တာဝန်ထမ်းဆောင်မည်ဖြစ် ကြောင်း သမ္မတသတင်းထုတ်ပြန် ရေးအဖွဲ့က ပြောကြားသည်။ 
ဒေါက်ကလပ်စ်   ဒီဗာနန်ဒါ သည်   ငါးလုပ်ငန်းဝန်ကြီးအဖြစ် လည်းကောင်း၊ ကီဟီလီယာရမ် ဘူခ်ဝဲလ်လာက   ရေပေးဝေရေး ဝန်ကြီးအဖြစ်      လည်းကောင်း၊ မာဟင်ဒါ    အမာရာဝီးလ်ရာက စိုက်ပျိုးရေး၊ တောရိုင်းတိရစ္ဆာန်နှင့် သစ်တော   ထိန်းသိမ်းရေးဝန်ကြီး အဖြစ် လည်းကောင်း၊    ရာမက်ချ် ပါသီရာနာက  စက်မှုဝန်ကြီးအဖြစ် လည်းကောင်း  ကျမ်းသစ္စာကျိန်ဆို ခဲ့ကြကြောင်း သိရသည်။သီရိလင်္ကာ နိုင်ငံတွင်  မေ ၁၂ ရက်က    ရာနီလ် ဝစ်ရီမီစင်ဟီကို ဝန်ကြီးချုပ်အဖြစ်      ခန့်အပ်ပြီးနောက်                ပြီးခဲ့သည့် နှစ်ကြိမ်တွင်    ဝန်ကြီး ၁၃ ဦးကို ခန့်အပ်ခဲ့ကြောင်း      သိရသည်။  သီရိလင်္ကာနိုင်ငံတွင် အစားအစာ နှင့် ဆေးဝါးအပါအဝင်   မရှိမဖြစ် လိုအပ်သောပစ္စည်းများ ပြတ်လပ် မှုကြောင့်   ရက်သတ္တပတ်ပေါင်း များစွာ လူထုဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။     ဆင်ဟွာ