သီရိလင်္ကာနိုင်ငံက ဆီနိုဖမ်း ကိုဗစ် - ၁၉ ကာကွယ်ဆေးနှစ်သန်း လက်ခံရရှိ 


 

ကိုလံဘို ဇူလိုင် ၁၂


တရုတ်နိုင်ငံမှ  ပေးပို့လိုက်သည့် ဆီနိုဖမ်း ကိုဗစ် - ၁၉ ကာကွယ် ဆေးနှစ်သန်းကို ဇူလိုင် ၁၁ ရက် တွင်  လက်ခံရရှိခဲ့သည်ဟု သီရိ လင်္ကာကျန်းမာရေး ဝန်ကြီးဌာန က ကြေညာခဲ့သည်။ 
မတ်လအတွင်းမှစတင်ကာ ဆီနိုဖမ်း    ကာကွယ်ဆေးများ ရရှိမှုမှာ  ယခုဆိုလျှင် ၇ ဒသမ ၁ သန်း    ရရှိထားပြီးဖြစ်ကြောင်း သိရသည်။ 
သီရိလင်္ကာ လေကြောင်းလိုင်း မှ လေယာဉ်နှစ်စင်းဖြင့် ကာကွယ် ဆေးများကို သယ်ယူခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၁ ရက်  နံနက်အစောပိုင်း တွင် ဆေးများရရှိခဲ့သည်။ ယခု အချိန်အထိ   ဆီနိုဖမ်းကာကွယ် ဆေးထိုးပြီးသူ  သုံးသန်းရှိပြီဟု ကျန်းမာရေး      ဝန်ကြီးဌာန၏ စာရင်းဇယားများအရ        သိရ သည်။ 
၎င်းတို့ထဲမှ နှစ်ကြိမ်ကာကွယ် ဆေးထိုးပြီးသူမှာ တစ်သန်းခန့်ရှိ သည်။   သီရိလင်္ကာနိုင်ငံသည် လက်ရှိတွင်    တတိယလှိုင်းနှင့် ကြုံတွေ့နေရပြီး     ဒယ်လ်တာ ကူးစက်မှု အန္တရာယ်ကိုပါ စိုးရိမ်ရ ကြောင်း    အာဏာပိုင်များက သတိပေးထားသည်။
ဆင်ဟွာ