
သီပေါ ဇွန် ၁
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရ၏ ဩဝါဒကို ခံယူလျက် ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါ မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်နှင့် သီတဂူ(သီပေါ) စက္ခု ဒါနဆေးရုံကြီး၏ ပဓာနာ နာယက ဘဒ္ဒန္တပညာသီရိ အရှင်သူမြတ် ကြီးကြပ်မှုဖြင့် (၄၈)ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်မှုလုပ်ငန်း များကို မေ ၂၄ ရက်မှ ယနေ့အထိ မျက်စိဝေဒနာရှင်ပေါင်း ၁၁၅၄ ဦးကို စမ်းသပ်ပြီး ၃၉၂ ဦးကို ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
ပညာဒါနဖြင့် ကုသိုလ်ပြုကြသော ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်းဒေသများမှ မျက်စိအထူးကုဆရာဝန်ကြီးများ၊ သီပေါမှ ဆရာ ဝန်ကြီးများ၊ သူနာပြုဆရာမကြီးများနှင့် ဓာတ်ခွဲကျွမ်းကျင်ပညာရှင် များ၊ မန္တလေးမှ မျက်မှန်ကျွမ်းကျင်ပညာရှင်များ၊ လုပ်အားဒါနပြုကြ သော သီပေါဘုရားကြီး ဝေယျာဝစ္စအဖွဲ့သားများ၊ ဂေါပကအဖွဲ့နှင့် မြို့မိမြို့ဖများ၊ ကုသမှုစတင်ရန် ကနဦးအလှူငွေလှူဒါန်းပေးသော သီပေါ(မန္တလေး)အသင်းတို့၏ ကူညီပံ့ပိုးမှုများဖြင့် ယခုကဲ့သို့ ခွဲစိတ် ကုသမှုများ အောင်မြင်ပြီးမြောက်ကြောင်း သိရသည်။
သီတဂူ(သီပေါ)မျက်စိကုသမှုလုပ်ငန်းများကို ၂၀၀၈ ခုနှစ် မတ် ၂၂ ရက်မှ မေ ၃၁ ရက်အထိ (၄၈)ကြိမ်တိုင် ကုသပေးခဲ့ရာ မျက်စိ ဝေဒနာရှင်ပေါင်း ၃၀၅၄၅ ဦးကို စမ်းသပ်စစ်ဆေးပြီး ၆၇၄၄ ဦးကို ခွဲစိတ်ကုသပေးကာ ကျန်သူများအား မျက်မှန်နှင့်ဆေးဝါးများဖြင့် ကုသ ပေးခဲ့ကြောင်း သိရသည်။
စိုင်း(သီပေါ)