သီပေါ၌ မိုးသီးနှံစံပြကွက်စိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုပံ့ပိုး စိုက်ပျိုးနည်းပညာဆွေးနွေး

 

သီပေါ  မေ   ၇


ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါ မြို့နယ်   စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်   လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊   စားနပ်ရိက္ခာဒေသ ဝမ်းစာဖူလုံရေး၊      တောင်သူ လယ်သမားများ    မျိုးကောင်း မျိုးသန့်များ   ထုတ်လုပ်နိုင်ရေး၊  မျိုးစေ့ထုတ်လုပ်ပြီး   တောင်သူ ဦးကြီးများ ဝင်ငွေတိုးပွားစေရေး၊  လယ်ယာထွက်ကုန်များ  ဈေးကွက် တွင်    ယှဉ်ပြိုင်နိုင်ရေးတို့ကို   ရည်ရွယ်လျက်  ၂၀၂၂-၂၀၂၃ စိုက်ပျိုးရာသီတွင်    မိုးသီးနှံစံပြ ကွက်စိုက်ပျိုးမည့်   လယ်သမား များအား (မှော်ဘီ- ၂ စပါးမျိုးစေ့၊ နေကြာမျိုးစေ့)    ယူရီးယား ဓာတ်မြေဩဇာပံ့ပိုးခြင်းနှင့်   စိုက် ပျိုးရေးနည်းပညာ  ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက    မြို့နယ်   စိုက်ပျိုးရေးဦးစီးဌာန  အစည်း အဝေးခန်းမ၌    ကျင်းပသည်။

 


ရှေးဦးစွာ     ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန     ပြည်နယ် ဦးစီးမှူးဦးချိုခိုင်ထွန်းက   နှုတ်ခွန်း ဆက်စကားပြောကြားပြီး     ဒုတိယ  ပြည်နယ်ဦးစီးမှူး  ဦးမောင်မောင် အေးက မိုးသီးနှံစံပြကွက်စိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ခြင်းရည်ရွယ် ချက်ကို လည်းကောင်း၊    မြို့နယ် စိုက်ပျိုးရေး       ဦးစီးဌာနမှူး ဦးထွန်းမင်းဦးက စိုက်နည်းစနစ် မှန်ကန်ရေး၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ  စသည့်သွင်းအားစု များ အချိန်ကိုက်အချိုးကျသုံးစွဲရေး တို့ကို   လည်းကောင်း   ဆွေးနွေး ပြောကြားသည်။    ဆက်လက်၍  ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး နှင့် တာဝန်ရှိသူများက  တောင်သူ ဦးကြီးများကို လယ်ယာကဏ္ဍ သွင်းအားစုများ     တစ်ဦးချင်း ထောက်ပံ့ပေးအပ်သည်။


စိုင်း(သီပေါ)