သီပေါမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး

 

သီပေါ    ဒီဇင်ဘာ  ၁၃


ရှမ်းပြည်နယ်     (မြောက်ပိုင်း)  သီပေါမြို့နယ်၌   မီးဘေးကြိုတင် ကာကွယ်ရေးအတွက်     မြို့နယ် မီးသတ်ဦးစီးဌာနမှူး   ဦးအောင် ကြည်ထွန်း ဦးစီးသည့် မီးသတ် တပ်ဖွဲ့ဝင်များက   ရပ်ကွက်များ အတွင်း လှည့်လည်သတိပေးခြင်း နှင့် မီးသတ်ရေလှောင်ကန်များ  ရေဖြည့်တင်းခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၁၂ ရက်က စတင်ဆောင် ရွက်သည်။

 


ထိုသို့      ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မီးလောင်၊  မီးလန့်မှု   မဖြစ်ပွားရေးအတွက်    မီးလောင်လွယ်သော    အရာဝတ္ထု များကို   စနစ်တကျထုပ်ပိုးခြင်း၊    စွန့်ပစ်ခြင်း၊  ထင်းမီးဖိုများ အသုံး ပြုလျှင် မီးဘေးကြိုတင်ကာကွယ် ရေး အကာအရံများနှင့် လုံခြုံစွာ အသုံးပြုရန်၊ ဂက်စ်မီးဖိုအသုံးပြု သူများအနေဖြင့်    အသုံးမပြုမီ  သေချာစွာ  စစ်ဆေးအသုံးပြုရန်၊ လျှပ်စစ်မီး    အသုံးပြုသူများအား  ဝန်အားမျှတသော     လျှပ်စစ် ဝိုင်ယာများ အသုံးပြုရန်၊ ဟောင်း နွမ်းပေါက်ပြဲသည့် လျှပ်စစ်ပစ္စည်း များကို  အစားထိုးလဲလှယ်ဆောင် ရွက်ရန်၊       နေအိမ်ဝင်းအတွင်း မီးလောင်လွယ်သော  ဆီအမျိုးမျိုး   သိုလှောင်ထားခြင်း၊       ဖြန့်ဖြူး ရောင်းချခြင်း   မပြုရန်   စသည့် ဆောင်ရန်ရှောင်ရန်များကို အသိ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

စိုင်း(သီပေါ)