
သီပေါ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် အရှေ့မြောက်ခြမ်းဒေသ သွားလာမှုခက်ခဲပြီး ဒုဋ္ဌဝတီမြစ်ရိုးတစ်လျှောက်နေထိုင်ကြသော စားနပ် ရိက္ခာအခက်အခဲရှိသည့် ဒေသခံတိုင်းရင်းသားများအား မြို့နယ် အမျိုးသမီးရေးရာကွန်ရက်မှ ဦးဆောင်ကာ အလှူရှင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကွင်းဆင်းသွားရောက် ကူညီထောက်ပံ့ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် တာပုလဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များ၊ ဆွန်လုံ၊ ချောင်းဆုံ၊ ဟာလျှင့်၊ တာပုလဲစသည့် ကျေးရွာဒေသခံပြည်သူ များ လိမ္မော်၊ ကမ္ဗလာခြံတောင်သူ ၅၂၈ ဦးတို့ကို မြို့နယ်အမျိုးသမီးရေးရာ ကွန်ရက်အဖွဲ့တာဝန်ခံ ဒေါ်ခင်နှင်းဆီနှင့် အဖွဲ့ကဆန် ၇၈ အိတ်၊ ဆီ ၂၁၄ ပိဿာ၊ ဆား ၁၀၇ ပိဿာ၊ ကုလားပဲ ၂၁၄ ပိဿာ၊ ငါးခြောက် ၁၀၇ ပိဿာ တို့ကို အိမ်ထောင်စုလူဦးရေ အချိုးအစားအလိုက် ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
စိုင်း(သီပေါ)