သီပေါမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်

 

သီပေါ   မေ   ၁၁


ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ် အတွင်း မုန်တိုင်းအန္တရာယ် ကျရောက် လာပါက    ကြိုတင်ကာကွယ်နိုင်ရေး အတွက်     မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကြည်ထွန်း ဦးဆောင်၍ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်နယ် တပ်ရင်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များနှင့်      စုဖွဲ့အင်အား ၃၀၆ ဦးတို့က ခလရ(၂၃) ဘောလုံးကွင်း၌ ယနေ့ နံနက်ပိုင်းက သရုပ်ပြလေ့ကျင့် ကြသည်။

 


စုဖွဲ့သရုပ်ပြလေ့ကျင့်ရာသို့ မြို့နယ် စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်စိုးဝင်း၊ ခေတ္တတပ်နယ်မှူးနှင့် တာဝန်ရှိသူများ က သဘာဝဘေးအန္တရာယ်ကျရောက် လာပါက အသုံးပြုရန် ကြိုတင်စုဆောင်း ထားရှိသည့် စက်ပစ္စည်း၊ မော်တော်ယာဉ် များ၊    ယန္တရားများ၊   ဆက်သွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊      ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက် ထားသည့် အစုအဖွဲ့များကို  ကြည့်ရှု အားပေးပြီး     သဘာဝဘေးသရုပ်ပြ လေ့ကျင့်    ဆောင်ရွက်ကြောင်း     သိရသည်။


စိုင်း(သီပေါ)