သီပေါကြက်ခြေနီအသင်း မီးသင့်အိမ်ထောင်စုများအား ပံ့ပိုး

 

သီပေါ   ဖေဖော်ဝါရီ   ၃


ရှမ်းပြည်နယ်မြောက်ပိုင်း     သီပေါမြို့နယ်    ပန်းမိတ်ကျေးရွာအုပ်စု ကောင်းလန်းကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စုများအား ရှမ်း ပြည်နယ် ကြက်ခြေနီအသင်းမှ မြို့နယ်ကြက်ခြေနီအသင်းသို့ ပေးပို့ခဲ့ သည့်  အထောက်အကူပြုပစ္စည်းများကို  မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးစိုင်းကျော်ဝင်း၊ ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်နန်းခင်ညွန့်လူနှင့် ကြက်ခြေနီမောင်မယ်များက     ယမန်နေ့တွင်    ကျေးရွာအရောက် ကွင်းဆင်းကူညီပံ့ပိုးပေးအပ်သည်၊၊

 


အဆိုပါ    မီးသင့်အိမ်ထောင်စုများကို    အိမ်ဆောက်ပစ္စည်းများ၊ ရေပုံး၊  ပန်းကန်များနှင့်  ဝတ်ဆင်စရာအနွေးထည်နှင့်  ခြုံစောင်များ ထောက်ပံ့ကြောင်း သိရသည်၊၊                                      

စိုင်း(သီပေါ)