သီပေါ ကျောင်းစုကျေးရွာ ‌ရှေးဟောင်းမဟာဘဏ္ဍမုနိစေတီတော် ပြုပြင်မွမ်းမံရန် အလှူငွေများလှူဒါန်း

 

သီပေါ  မေ  ၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)  သီပေါမြို့နယ်  ရွာသစ် ကျေးရွာအုပ်စု    ကျောင်းစုကျေးရွာ   ဘဏ္ဍ     ဘုန်းတော်ကြီးကျောင်းတိုက်     ပရဝဏ်အတွင်း ရှေးမင်းအဆက်ဆက်နှင့်    ရှမ်းစော်ဘွားများ တည်ထားကိုးကွယ်ခဲ့သည့်    ရှေးဟောင်းမဟာ ဘဏ္ဍမုနိစေတီတော်မြတ်ကြီး     နှစ်ပေါင်းများစွာ  လေဒဏ်မိုးဒဏ်များကြောင့်      ပျက်စီးယိုယွင်း လျက်ရှိရာ  ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့၏    ဩဝါဒကိုခံယူ၍ ဘဏ္ဍကျောင်းတိုက်ကြီး၏       ပဓာနနာယက ဆရာတော် သာသနဓဇဓမ္မာစရိယ    ဘဒ္ဒန္တဇာနေယျ အရှင်သူမြတ်ဦးဆောင်မှုဖြင့် စေတနာရှင်များ ပါဝင် လှူဒါန်းမှုနှင့်အတူ စတင်ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ပြုပြင်မွမ်းမံရာတွင်     ရှေးဟောင်း စေတီတော်မူလအမြင့်  ၄၂  ပေမှ ၇၂  ပေအထိ  ဘက်စုံပြန်လည်ပြုပြင်  မွမ်းမံတည်ဆောက်မည် ဖြစ်သဖြင့် မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်  ပဓာနနာယကဆရာတော်     အရှင်ပညာသီရိက အလှူငွေကျပ်ခုနစ်သိန်း လှူဒါန်းခဲ့သည်။   အဆိုပါ   စေတီပြုပြင်မွမ်းမံရာ၌  ကုသိုလ်ပါဝင်လှူဒါန်းလို ကြသော    အလှူရှင်များအနေဖြင့်   ဘဏ္ဍ ဘုန်းတော်ကြီး ကျောင်းတိုက်  ဆရာတော်ဘဒ္ဒန္တ ဇာနေယျ အရှင်သူမြတ် ဖုန်း ၀၉-၄၀၃၇၉၉၉၀၁ နှင့်  ဂေါပကအဖွဲ့ ၀၉-၇၇၅၈၅၈၁၂၄ (KP) တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း  သိရသည်။

                                       
စိုင်း(သီပေါ)