
ရန်ကုန် နိုဝင်ဘာ ၃
မြန်မာနိုင်ငံ၏ အွန်လိုင်းရှော့ပင်ဝက်ဘ်ဆိုက် များတွင် လူသိအများဆုံးဖြစ်သည့် Shop.com.mm ဝက်ဘ်ဆိုက်က စီစဉ်၍ 11.11 အထူးဈေးရောင်းပွဲကြီးကို နိုဝင်ဘာ ၁၁ ရက် တွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါ အထူးဈေးရောင်းပွဲတွင် shop.com.mm ဝက်ဘ်ဆိုက်၌ ဈေးရောင်းချနေသော ဆိုင်ပေါင်း ၅၀၀၀ ကျော်က ၎င်းတို့၏ ကုန် ပစ္စည်းအမျိုးမျိုးကို ကျပ်သိန်းပေါင်း ၅၀၀၀ ကျော်အထိ အထူးလျှော့ဈေးအစီအစဉ်များဖြင့် ရောင်းချသွားမည်ဖြစ်ကာ အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ ကံစမ်းမဲ အစီအစဉ် များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၁၁ ရက် ၁၁ လ အထူးဈေး ရောင်းပွဲနေ့အကြိုအဖြစ် Countdown Live အစီအစဉ်ကိုလည်း နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ထိုရက်များ အတွင်း shop.com.mm ဝက်ဘ်ဆိုက်တွင် သုံးကြိမ် ဈေးဝယ်ယူဖူးသူများအား ကံစမ်းမဲ ဖောက်ပေးခြင်း၊ အထူးဈေးရောင်းပွဲနေ့တွင် အသုံးပြုနိုင်မည့် လျှော့ဈေးကူပွန်များပေးခြင်း၊ ကျပ် ၁၁၀ ဖြင့် အထူးဆုကြီးများကံစမ်းနိုင်မည့် ကူပွန်များရောင်းချခြင်း၊ အက်ပလီကေးရှင်းကို ဝင်ကြည့်ရုံဖြင့် Max Energy ဆီဆိုင်များတွင် ဆီဖြည့်ပါက ကျပ် ၃၀၀၀ လျှော့ဈေးရနိုင်မည့် ကူပွန်များပေးခြင်း စသည်တို့ကိုလည်း ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးဈေးရောင်းပွဲနှင့် အကြိုအစီ အစဉ်များတွင် ပါဝင်နိုင်ရန်အတွက် ဖုန်းများ တွင် shop.com.mm အက်ပလီကေးရှင်းကို ထည့်သွင်းထားရမည်ဖြစ်ကာ အက်ပလီ ကေးရှင်းကို ပလေးစတိုးတွင် Shop 11.11 Shopping Festival ဟု ရိုက်ရှာ၍ ဒေါင်းလုပ်ဆွဲ ရယူနိုင်မည်ဖြစ်သည်။
ကိုစိုး