
နေပြည်တော် စက်တင်ဘာ ၁၃
ယနေ့ နံနက် ၆ နာရီခွဲမှ မွန်းလွဲ ၃ နာရီခွဲအတွင်း သောင်ရင်းမြစ်ရေသည် မြဝတီ မြို့တွင် ခြောက်ပေခန့် မြင့်တက်ခဲ့ပါသည်။ အဆိုပါမြစ်ရေသည် ယနေ့ မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် လေးပေခန့်တွင် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိ နိုင်ပါသည်။
ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ ငဝန်မြစ်ရေ သည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ တစ်ပေခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်လက်မ ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ ငဝန် မြစ်ရေသည် သာပေါင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်လက်မ ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ မြဝတီမြို့၊ ငါးသိုင်းချောင်းမြို့နှင့် သာပေါင်း မြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင် သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြု အပ်ပါသည်။
မိုး/ဇလ