သစ်တောဦးစီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်း ၂၅ ခုရှိ

 

နေပြည်တော်  ဇန်နဝါရီ   ၁၂

 


စီမံကိန်းလုပ်ငန်းများ  လမ်းညွှန် ကြီးကြပ်မှုကော်မတီ   (Project Monitoring        Committee) (၂/၂၀၂၁-၂၀၂၂)  အစည်းအဝေးကို ယနေ့ နံနက်   ၉  နာရီခွဲတွင် သစ်တောဦးစီးဌာန     ညွှန်ကြား ရေးမှူးချုပ်ရုံး   အင်ကြင်းခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင် သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က သစ်တောဦးစီး ဌာနအနေဖြင့် နိုင်ငံတော်ရန်ပုံငွေ ဖြင့်        သစ်တောလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံ တကာ      အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စီမံကိန်းလုပ်ငန်းများ ကို အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့်  မူဝါဒများနှင့် ညီညွတ်မှုရှိစေရန်၊ လက်တွေ့ကျ ပြီး အကျိုးရှိထိရောက်သည့် ရည် မှန်းချက်များ      ချမှတ်အကောင် အထည်ဖော်ရန်၊ နိုင်ငံနှင့်ပြည်သူ များအတွက်             အကျိုးကျေးဇူး များစွာရရှိပြီး       ထင်သာမြင်သာ သည့်ရလဒ်များ   ကျန်ရစ်စေရန် တို့ကို  ဦးစားပေးစဉ်းစား ဆောင် ရွက်လျက်ရှိကြောင်း။

 


သစ်တောဦးစီးဌာနနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများအကြား  ၂၀၂၁ ခုနှစ်      ဒီဇင်ဘာလအထိ ပူးပေါင်းဆောင်ရွက်ဆဲ စီမံကိန်း အရေအတွက် ၃၇ ခုရှိသည့်အနက် ယခုဘဏ္ဍာနှစ်တွင်   နိုင်ငံတကာ ငွေကြေး      အထောက်အပံ့ဖြင့် ဆောင်ရွက်နေသည့်   စီမံကိန်း ၁၂ ခု၊ NGOs, INGOs များနှင့်အတူ နည်းပညာပိုင်းဆိုင်ရာ   ပူးပေါင်း ဆောင်ရွက်နေသည့်   စီမံကိန်း ၂၅ ခုရှိကြောင်း၊     လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း    စီမံ ကိန်းများ၏   မူလရည်မှန်းချက်၊ ရည်ရွယ်ချက်များကို    ရှင်းရှင်း လင်းလင်း        နားလည်သဘော ပေါက်ပြီး       ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် အချိန် နှင့် တစ်ပြေးညီ အကောင်အထည် ဖော်ဆောင်ရွက်ရမည့်  လုပ်ငန်း ဆောင်ရွက်ချက်များကို   ရေးဆွဲ ချမှတ်ပြီး၊    လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲ ပြဿနာများကို ကြိုတင်စဉ်းစား ပြင်ဆင်မှသာ စီမံကိန်း၏ရည်မှန်း ချက်များကို ပေါက်မြောက်အောင် မြင်နိုင်မည်        ဖြစ်သည့်အတွက် သတိပြုပြင်ဆင်   ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း   ပြောကြား သည်။

 


အစည်းအဝေးသို့  သစ်တော ဦးစီးဌာနမှ   ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊   ညွှန်ကြားရေးမှူး များ၊    စီမံကိန်းတာဝန်ခံများနှင့် တာဝန်ရှိသူအဖွဲ့ဝင်များ   တက် ရောက်ကြပြီး   စီမံကိန်းလုပ်ငန်း များ     အကောင်အထည်ဖော်  ဆောင်ရွက်မှုကို    ရှင်းလင်းတင်ပြ မှုများအပေါ်      ဝိုင်းဝန်းသုံးသပ် အကြံပြု  ဆွေးနွေးခဲ့ကြကြောင်း        သိရသည်။


သတင်းစဉ်