သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း ဘွဲ့ကြို/ ဘွဲ့လွန်သင်တန်းများ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဖွင့်လှစ်မည်

 

နေပြည်တော်  နိုဝင်ဘာ  ၁၁
သယံဇာတနှင့်    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန  သစ်တောနှင့်  ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်  ပထမနှစ်မှ ပဉ္စမနှစ်အထိ   ဘွဲ့ကြိုသင်တန်းများ နှင့်     ဘွဲ့လွန်မဟာသိပ္ပံသင်တန်းများကို   ၂၃-၁၁-၂၀၂၃   ရက် (ကြာသပတေးနေ့) မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၀-၁၁-၂၀၂၃ ရက် (တနင်္လာနေ့) မှစတင်၍  နံနက် ၉ နာရီမှ  ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်သည်။
ဘွဲ့ကြိုပထမနှစ်သင်တန်း   တက်ရောက်ခွင့်ပြုရန်    ပဏာမ ရွေးချယ်ထားသည့်  ကျောင်းသား၊ ကျောင်းသူစာရင်းကို  ဝန်ကြီးဌာန ၏ website (https://www.monrec. gov.mm) တွင် ကြေညာပေး သွားမည်ဖြစ်ကြောင်းနှင့် ပဏာမရွေးချယ်ထားသည့် ကျောင်းသား၊ ကျောင်းသူများအား မိုင် ၂၀ လမ်းလျှောက်စွမ်းရည်စစ်ဆေးခြင်းကို ၁၈- ၁၁-၂၀၂၃ ရက် (စနေနေ့) တွင်  ရေဆင်းဆည်၊  ဆည်ပေါင်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                                              သတင်းစဉ်