သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြေပေါ်၊ မြေအောက် သယံဇာတ ထုတ်ကုန်များအပေါ် မှီခိုသည့် စီးပွားရေးလုပ်ငန်းများကို လျှော့ချသွားရမည်

 

နေပြည်တော်    ဇွန်     ၅


၂၀၂၂ ခုနှစ်  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့    အခမ်းအနားကို     ယနေ့    နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး   မင်းအောင်လှိုင်    တက်ရောက်မိန့်ခွန်း ပြောကြားသည်။

 


တက်ရောက်


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေး   ကောင်စီဝင်များဖြစ်ကြသည့်   ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊  ဦးမောင်းဟာ၊  ဦးစိုင်းလုံးဆိုင်၊ ဦးစောဒန်နီယယ်၊     ဒေါက်တာ  ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊    နေပြည်တော်တိုင်းစစ်ဌာနချုပ်   တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်  ထိန်းသိမ်းရေးဝန်ကြီးဌာန၊  ဆက်စပ် ဝန်ကြီးဌာနများမှ         ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊    နေပြည်တော်ရှိ    အခြေခံပညာ အထက်တန်းကျောင်းများမှ   ဆရာ၊   ဆရာမများ၊ ကျောင်းသား၊   ကျောင်းသူများနှင့်    ဆုရရှိသူများ တက်ရောက်ကြသည်။

 


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က    အဖွင့်မိန့်ခွန်းပြောကြားရာ တွင်  ယနေ့ကျရောက်သည့်  ၂၀၂၂ ခုနှစ်  သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏    ဆောင်ပုဒ်မှာ “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဖြစ်ကြောင်း၊   လူသားများအနေဖြင့်   ပိုမိုရေရှည် တည်တံ့စေပြီး ပိုမိုစိမ်းလန်းစေမည့် ပတ်ဝန်းကျင်နှင့် ညီညွတ်သည့်   လူနေမှုဘဝများကို   ဖြစ်နိုင်သမျှ ပြောင်းလဲဖော်ဆောင်ကြစေရန်၊ တစ်နည်းအားဖြင့် လူသားများ ရေရှည်ရှင်သန်နိုင်ရန်အတွက် သဘာဝ နှင့် ညီညွတ်မျှတစွာ နေထိုင်နိုင်ကြစေရန်၊  ပြောင်းလဲ ဖြစ်ပေါ်နေသည့်   ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေ များကို အားလုံးသိရှိကြပြီး လိုအပ်သည့် တုံ့ပြန်မှုများ ကို အချိန်မီဆောင်ရွက်နိုင်ကြစေရန်နှင့် တစ်ခုတည်း သော ကမ္ဘာမြေကို မိမိတို့အားလုံး ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းကာကွယ်ကြရန် တိုက်တွန်းနှိုးဆော်ထား ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ပြဿနာများကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်းဖြေရှင်းနိုင်ကြရန် ၁၉၇၂ ခုနှစ်က    ဆွီဒင်နိုင်ငံ   စတော့ဟုမ်းမြို့တွင် ပထမဆုံး  ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ  ညီလာခံဖြစ် သည့် “ကုလသမဂ္ဂလူသား ပတ်ဝန်းကျင် ညီလာခံ” ကို ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျှင်နှစ် ၅၀ ပြည့် မြောက်သည့် ထူးခြားသော  နှစ်လည်းဖြစ်ကြောင်း။

 


ပြဿနာများကို အလေးထားဖြေရှင်း


ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်     (United Nations Environment Programme – UNEP) က ၂၀၁၉ ခုနှစ်တွင်    ထုတ်ပြန်ခဲ့သည့်   ဆဋ္ဌမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေ ဆန်းစစ် ခြင်း  အစီရင်ခံစာတွင်  လာမည့်  ၂၀၅၀ ပြည့်နှစ် အထိ   ကာလအတွင်း   ကမ္ဘာ့မြို့ပြလူဦးရေသည် ဆက်လက်တိုးမြင့်နေပြီး   မြို့ပြဖြစ်ထွန်းလာမှုကို စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းမရှိခဲ့ပါက  လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ    စိန်ခေါ်မှုများကို   ကြုံတွေ့ ရမည်ဖြစ်ကြောင်း၊ လူဦးရေကြီးထွားလာမှုကြောင့် တစ်ဦးချင်းစီ ရရှိနိုင်မည့် ဂေဟစနစ်၏ဝန်ဆောင်မှု များ  လျော့နည်းလာမည်ဖြစ်ကြောင်း၊  စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပတ်ဝန်းကျင်အစီအမံများ ကို   ဂရုမပြုခဲ့ပါက   သယံဇာတအရင်းအမြစ်များ လျော့နည်းပြုန်းတီးမှု၊ ပတ်ဝန်းကျင်ယိုယွင်း ပျက်စီး ခြင်းများနှင့်   ပိုမိုကြုံတွေ့နိုင်ကြောင်း၊  ရာသီဥတု ပြောင်းလဲမှုသည်    အနာဂတ်စီးပွားရေး   ဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိကအဟန့်အတား စိန်ခေါ်မှု တစ်ခုဖြစ်ကြောင်း၊     စသည့်တွေ့ကြုံလာရမည့် ပြဿနာများကို အလေးထားဖြေရှင်း ဆောင်ရွက် ကြရန် အရေးတကြီးလိုအပ်နေသည့်အတွက် မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှု ၏ ဆိုးကျိုးသက်ရောက်မှုများကို တားဆီးလျှော့ချ နိုင်ရန်    အလေးထားကြိုးပမ်း  လုပ်ဆောင်ရမည် ဖြစ်ကြောင်း။

 


မူဝါဒများ ချမှတ်ဖော်ဆောင်


ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ရည်ရွယ်ချက်များထဲတွင် အဓိက နယ်ပယ်သုံးခုဖြစ် သည့်  ရာသီဥတုပြောင်းလဲမှု၊ သဘာဝဂေဟစနစ် ယိုယွင်းမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာများကို ကမ္ဘာ့နိုင်ငံများအားလုံးက ဖြေရှင်းနိုင်ရန်အတွက် သင့်လျော်သည့် မူဝါဒများ ချမှတ်ဖော်ဆောင်ကြရန် နှင့်   နိုင်ငံအလိုက်၊  ဒေသဆိုင်ရာနှင့်   အပြည်ပြည် ဆိုင်ရာ  ပူးပေါင်းမှုများ တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်း။

 


လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့စီးပွားရေး ၏ အဓိကကျောရိုးဖြစ်ပြီး  ရာသီဥတု၏ ဆိုးကျိုး သက်ရောက်မှု အထူးသဖြင့် မုတ်သုံရာသီတိုတောင်း လာခြင်း၊    နှစ်စဉ်ပျမ်းမျှ    အပူချိန်တိုးလာခြင်းနှင့် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ စိုက်ပျိုးမြေ များတွင်    ဆားငန်ရေ   ဝင်ရောက်ခြင်းတို့ကြောင့် စိုက်ပျိုးထုတ်လုပ်နိုင်မှုစွမ်းအားများ  ကျဆင်းလာ ခဲ့ကြောင်း၊    ထို့ပြင်    သဘာဝဘေးအန္တရာယ်၏ အကျိုးဆက်အနေဖြင့်     ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် မြေဆီလွှာပျက်သုဉ်းခြင်းများကြောင့်   စိုက်ပျိုးမြေများ  လက်လွှတ်ဆုံးရှုံးရခြင်း များသည် ဒေသခံများ၏ စားဝတ်နေရေး ဆိုးကျိုး သက်ရောက်မှုများရှိခဲ့ပြီး   နိုင်ငံ၏  စီးပွားရေးကို များစွာထိခိုက်စေခဲ့ကြောင်း၊ ထို့ကြောင့် ပြောင်းလဲ လာသည့်   ရာသီဥတုနှင့်အညီ    ရေကိုအကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် ရေလိုအပ်ချက် နည်းသည့် သီးနှံများ၊ ရေကြီးနစ်မြုပ်မှုဒဏ်ခံ သီးနှံ နှင့် ရောဂါနှင့်   ပိုးမွှားဒဏ်ခံသီးနှံများ  ပြောင်းလဲ စိုက်ပျိုးခြင်း၊ ရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံနှင့် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ ရေကိုချွေတာ သုံးစွဲနိုင်သည့်  ခေတ်မီရေသွင်းစနစ်များ  အသုံးပြု စိုက်ပျိုးစေခြင်းတို့ကို      ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 


ဖွံ့ဖြိုးလာအောင် ဆောင်ရွက်


မွေးမြူရေးကဏ္ဍသည်    စားနပ်ရိက္ခာဖူလုံရေး အတွက်   အဓိကပံ့ပိုးပေးနေပြီး   စားသုံးမှုပုံစံကို ပြောင်းလဲလုပ်ဆောင်ရာတွင်    အသားစားသုံးမှု တိုးမြှင့်နိုင်ရေးအတွက် အဓိကကျသည့် ကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ တိရစ္ဆာန်များကရသည့် ဇီဝမြေဩဇာ များသည် ကောင်းကျိုးများ ရရှိစေနိုင်ခြင်းကြောင့် မွေးမြူရေးလုပ်ငန်းများမှ     ပတ်ဝန်းကျင်အပေါ် ဖြစ်လာနိုင်သည့်   ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချပြီးကျန်းမာရေးနှင့် ညီညွတ်သည့်၊ သဘာဝ နှင့်ကိုက်ညီသည့်  မွေးမြူရေးလုပ်ငန်းများ  ဖွံ့ဖြိုး လာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 


၂၀၂၀    ပြည့်နှစ်တွင်     ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(Food and Agriculture Organi-zation -  FAO) က ထုတ်ပြန်သည့်  “The State of World    Fisheries   and    Aquaculture  2020” အရ   အနာဂတ်တွင်  အစားအစာဖူလုံရေးအတွက် ငါးလုပ်ငန်းကဏ္ဍသည်     အဓိကဖြစ်လာကြောင်း၊ အနာဂတ်အသက်မွေးဝမ်းကျောင်းမှုများ ခိုင်မာပြီး ဖွံ့ဖြိုးတိုးတက်စေရန်နှင့်   စားနပ်ရိက္ခာဖူလုံစေရေး အတွက်   ရေချိုနှင့်  အဏ္ဏဝါသယံဇာတများကို ထိန်းသိမ်းကာကွယ်ရေးသည်      အရေးကြီးသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ငါးသယံ ဇာတနှင့် ၎င်းတို့၏ဂေဟစနစ်များ ရေရှည်စဉ်ဆက် မပြတ်ထိန်းသိမ်းနိုင်ရေးအတွက် ငါးမျိုးသုဉ်းစေမည့် နည်းလမ်းများဖြင့် တရားမဝင်ဖမ်းဆီးခြင်းများကို ထိရောက်စွာတားမြစ်နိုင်ရေးနှင့်     ပလတ်စတစ် အပါအဝင်    စွန့်ပစ်အမှိုက်နှင့်    ရေဆိုးများကြောင့် မြစ်၊ ချောင်း၊ သမုဒ္ဒရာ ညစ်ညမ်းမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများအပြင်  ပုဂ္ဂလိကအဖွဲ့အစည်း များနှင့်   ပြည်သူများကပါ   အလေးထားပူးပေါင်း လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း။

 


ရေရှည်အစဉ်မပြတ် ထိန်းသိမ်း


လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် နိုင်ငံတော် နှင့် ပြည်သူများ၏  လူမှုစီးပွား  ဖွံ့ဖြိုးတိုးတက်ရေး ကို   များစွာအထောက်အကူပြုကြောင်း၊  လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင်   ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်ဖြင့်   ထုတ်လုပ်မှုများကို   အားပေး ဆောင်ရွက်ရာတွင် နိုင်ငံအတွင်းရှိပြီးဖြစ်သည့် ရေ၊ နေနှင့် လေ   စသည့်သန့်ရှင်းသော  စွမ်းအင်အရင်း အမြစ်များကို    အခြေခံသည့်   ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်းဖြင့် လျှပ်စစ်ဓာတ် အားလုံလောက်စွာ ရရှိပြီး လူမှုစီးပွားဖွံ့ဖြိုးမှု အထောက်အကူဖြစ်သကဲ့သို့ ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်ကို ရေရှည် အစဉ်မပြတ်    ထိန်းသိမ်းနိုင်မည်ဖြစ်‌၍    ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်စနစ်ဖြင့်      ထုတ်လုပ်ကြရန် တိုက်တွန်းမှာကြာလိုကြောင်း။

 


မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုး ပါဝင်ထားသည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ   မူဘောင်ကွန်ဗင်းရှင်းနှင့်   ပါရီသဘောတူ စာချုပ်များ၏ ပြဋ္ဌာန်းချက်များကိုလည်း အလေးထား အကောင်အထည်ဖော်လျက်ရှိကြောင်း။

 


မြန်မာနိုင်ငံ၏      သစ်တောဂေဟစနစ်နှင့် သယံဇာတထိန်းသိမ်းရေးအတွက် ၂၀၃၀ ပြည့်နှစ် တွင်  နိုင်ငံ့ဧရိယာ၏   ၃၀ ရာခိုင်နှုန်းပြည့်မီရေးကို ရည်မှန်းလုပ်ဆောင်လျက်ရှိရာ ယခုအခါ သဘာဝ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၂၅ ဒသမ ၈ ရာခိုင် နှုန်း ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ သဘာဝနယ်မြေ များ ဖွဲ့စည်းခြင်းကို နိုင်ငံ့ဧရိယာ၏ ၁၀ ရာခိုင်နှုန်း ရည်မှန်းလုပ်ဆောင်နေရာတွင် ၆ ဒသမ ၄၃ ရာခိုင် နှုန်း ဖွဲ့စည်းထားနိုင်ခဲ့ပြီး ရည်မှန်းချက်ပြည့်မီအောင် ဆက်လက်ကြိုးစားကြရမည်ဖြစ်ကြောင်း။

 


အလေးထားဆောင်ရွက်


သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းသည် နိုင်ငံတော်အတွက်သာမက နိုင်ငံသားများ၏ အလုပ် အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရရှိစေရေးကို အထောက်အကူပြုသည်မှာ မှန်သော်လည်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထည့်သွင်းပေါင်းစပ် ဆောင်ရွက်ခြင်းမရှိပါက  သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ  ထိခိုက်ပျက်စီးစေနိုင်သည်ကို သတိပြု ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးအတွက် မြေပေါ်၊ မြေအောက် သယံဇာတ ထုတ်ကုန်များအပေါ် မှီခိုသည့် စီးပွားရေး လုပ်ငန်းများကို   လျှော့ချသွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်   ပြည်ပသို့  သစ်အလုံးလိုက် တင်ပို့ခြင်းကို ရပ်ဆိုင်းခဲ့ပြီး ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ် (Mini – Budget) နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်များတွင် လည်း သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားသည့်အပြင် ကျောက်စိမ်းတူးဖော်ခြင်းများကို လုံးခင်း၊ ဖားကန့် နှင့် မိုးညှင်းဒေသတို့တွင် ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအ‌တွက် သဘာဝသယံဇာတများကို   ထုတ်ယူသုံးစွဲရာတွင် နိုင်ငံတော်က    ချမှတ်ထားသည့်    ပတ်ဝန်းကျင် ရေးရာ    မူဝါဒများနှင့်အညီ    ထိန်းထိန်းသိမ်းသိမ်း နှင့်    ရေရှည်စဉ်ဆက်မပြတ်     ထုတ်ယူသုံးစွဲသွား နိုင်ရန်    အလေးထားဆောင်ရွက်ကြရန်     မှာကြား လိုကြောင်း။

 


ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်၏ လေ့လာ ဆန်းစစ်တွေ့ရှိမှုများအရ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူဦးရေ ၇ သန်းခန့် သည် အသက်ဆုံးရှုံးနေကြရကြောင်း၊ ကမ္ဘာတစ်ဝန်း တွင် နှစ်စဉ်စွန့်ပစ်ပစ္စည်း ပမာဏ တန်ချိန် ၁၁ ဒသမ ၂ ဘီလီယံခန့် စွန့်ပစ်နေကြပြီး ယင်းအထဲမှ ပလတ် စတစ်စွန့်ပစ် ပစ္စည်းတန်ချိန် ၈ သန်းခန့်သည် နှစ်စဉ် ပင်လယ်၊   သမုဒ္ဒရာများအတွင်းသို့   ရောက်ရှိကာ ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း။

 


အထူးဂရုပြု စီမံဆောင်ရွက်


ထို့ပြင် ကမ္ဘာတစ်ဝန်းတွင် လူသားများအသုံးပြု နေသည့် ဓာတုပစ္စည်းများနှင့် ဒြပ်ပေါင်းအမျိုးအစား စုစုပေါင်း    တစ်သိန်းကျော်ရှိပြီး    ဓာတုပစ္စည်း အသုံးပြုမှုများကို စနစ်တကျစီမံဆောင်ရွက်နိုင်မှု မရှိပါက ပတ်ဝန်းကျင်နှင့် လူသားများ၏ ကျန်းမာရေး ကို ဆိုးရွားပြင်းထန်စေသည့် ပတ်ဝန်းကျင်ညစ်ညမ်းမှု များ   ဖြစ်ပေါ်လာနိုင်သည့်အတွက်   အထူးဂရုပြု စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း။

 


ယနေ့ကာလတွင် ကမ္ဘာလုံးဆိုင်ရာပြဿနာ တစ်ရပ်ဖြစ်လာသည့်  ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် ယခုနှစ်မတ်လတွင် ကျင်းပခဲ့ သည့်     ပဉ္စမအကြိမ်   ကုလသမဂ္ဂပတ်ဝန်းကျင် ဆိုင်ရာ  ညီလာခံဒုတိယအပိုင်း  (United Nations Environment Assembly-UNEA 5-2)တွင် ဥပဒေ အရ    စည်းနှောင်မှုရှိသည့်   အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တစ်ရပ် ရေးဆွဲအကောင်အထည် ဖော်ရန်   သဘောတူညီခဲ့ကြကြောင်း၊  ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်      ပလတ်စတစ်ညစ်ညမ်းမှု ထိန်းချုပ်နိုင်ရေးအတွက်       ကဏ္ဍစုံပေါင်းစပ်ပြီး အစီအမံများ ချမှတ်အကောင်အထည်ဖော် လိုက်နာ ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ မဖြစ်မနေ အသုံးပြုရန်လိုအပ်သည့် နေရာများတွင်သာ ပလတ် စတစ်အိတ်ထုပ်ပိုးမှုနှင့်   အသုံးအဆောင်များသာ သုံးစေလိုကြောင်း၊  Reuse ,  Reduce ,  Recircle ဆိုသည့် တိုက်တွန်းချက်အတိုင်း နိုင်ငံသူ နိုင်ငံသား အားလုံး     လိုက်ပါဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းစေမည် ဖြစ်သည့်အတွက်    သက်ဆိုင်ရာဌာနများက  အထူး အားဖြင့် တိုက်တွန်း ဆောင်ရွက်စေလိုကြောင်း။

 


ထိထိရောက်ရောက် အကောင်အထည်ဖော်


ညစ်ညမ်းမှုများကို တားဆီးကာကွယ်ထိန်းချုပ် နိုင်ရန်အတွက်   စွန့်ပစ်ပစ္စည်းများကို   စနစ်တကျ စီမံခန့်ခွဲနိုင်မှုသည်    အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က ချမှတ်ထုတ်ပြန်ထားပြီး ဖြစ်သည့် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့်ပင်မလုပ်ငန်းအစီအစဉ်ပါ လုပ်ငန်း များနှင့်အညီ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လက်တွေ့ ဆောင်ရွက်နေကြသည့် စည်ပင်သာယာရေးအဖွဲ့ အစည်းများ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများအနေဖြင့် ထိထိရောက်ရောက်     အကောင်အထည်ဖော်ကြ ရမည်ဖြစ်ကြောင်း။

 


သဘာဝကိုအခြေခံသည့် ဖြေရှင်းနည်း


ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို တားဆီး လျှော့ချရန်နှင့် ပြန်လည်ကုစားပြီး ပုံမှန်အခြေအနေ ပြန်ရောက်အောင်    ဆောင်ရွက်သည့်နေရာတွင် အကောင်းဆုံးနှင့် အရိုးရှင်းဆုံးနည်းလမ်းမှာ သဘာဝ ကို အခြေခံသည့် ဖြေရှင်းနည်း (Nature – based Solutions – NbS) ဖြစ်ကြောင်း၊  သဘာဝကိုအခြေခံပြီးဖြေရှင်းသည့်အတွက် အရေးကြီးသည့် ဂေဟ စနစ်ဝန်ဆောင်မှုများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရေချို ရရှိနိုင်မှု၊    ပိုမိုကောင်းမွန်သည့်    အသက်မွေး ဝမ်းကျောင်းမှု၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ရေရှည် တည်တံ့သည့် စားနပ်ရိက္ခာဘေးကင်းလုံခြုံမှု စသည် တို့ကို ပံ့ပိုးပေးသည့်အပြင် လူသားများနှင့် သဘာဝ တရားတို့အကြား  သဟဇာတဖြစ်စေပြီး  ရာသီဥတု ပြောင်းလဲမှုကို    ပြည်သူဗဟိုပြု   တုံ့ပြန်နိုင်ရေး အတွက်လည်း အားပေးလှုံ့ဆော်ရာရောက်ကြောင်း။

 


ယနေ့နိုင်ငံအများစု   အလေးထားလာသည့် ပတ်ဝန်းကျင်အထောက်အကူပြု    အစိမ်းရောင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု (ဥပမာအားဖြင့် နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်ယူခြင်း၊ သဘာဝ အခြေခံခရီးသွားလာခြင်း၊  လျှပ်စစ်ကား  ထုတ်လုပ် ခြင်း) စသည့်လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ပေးခြင်းအားဖြင့်    နိုင်ငံ၏   သဘာဝအရင်းအနှီး များ ပိုမိုကောင်းမွန်လာကာ  ပတ်ဝန်းကျင်ရေးရာ ကာကွယ်စောင့်ရှောက်မှုနှင့် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ   အကျိုးအမြတ်များကို   ရရှိ စေမည်ဖြစ်ပြီး   ရေရှည်တည်တံ့သည့်   အနာဂတ် ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း။

 


မြန်မာနိုင်ငံ၏      ရှေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော     ဖွံ့ဖြိုးတိုးတက်မှု      စီမံကိန်း (Myanmar Sustainable Development Plan- MSDP)     မူဘောင်အတွင်းမှ     နိုင်ငံတော်ရေရှည် စဉ်ဆက်မပြတ်     ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ရာတွင်   မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး၏   လူနေမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးနှင့်      ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်  ချမှတ်ထားသည့် အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒရည်မှန်းချက် နှင့် အခြေခံမူများကို ထိရောက်အောင်မြင်အောင် ဖော်ဆောင်နိုင်ရန်အတွက်     ကဏ္ဍအသီးသီးတွင် ရေတို/ရေရှည်စီမံချက်များဖြင့် ပေါင်းစပ် အကောင် အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း။

 


အလေးထားဆောင်ရွက်


သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး နှင့်   ပတ်သက်ပြီး   ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာကိစ္စရပ်များကို     ထည့်သွင်း ပေါင်းစပ်ခြင်းအားဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်မှု၊ ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေ ရေး၊ စီးပွားရေးဖွံ့ဖြိုးရေးကို ကြိုးပမ်းဆောင်ရွက်ရာ တွင်    ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ    ကာဗွန် ထုတ်လုပ်မှုလျော့နည်းသည့် အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်ရေး၊ ရာသီ ဥတု ပြန်လည်မျှတလာစေရေးနှင့် ဂေဟစနစ်များ ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအပါအဝင် ညစ်ညမ်းမှုထိန်းသိမ်းကာကွယ်ရေးတို့ကို အမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သည့်နေရာ တွင် မိဘပြည်သူများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း များအနေဖြင့်     ပူးပေါင်းပါဝင်ကြပြီး    မိမိတို့၏ တစ်ခုတည်းသော     ကမ္ဘာမြေ     ရှေရှည်တည်တံ့ ရှင်သန်နိုင်ရေးအတွက်   အားလုံးဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းကာကွယ်ကြရန်   တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က   ပေးပို့သည့်    Video   Message   နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှု ဆောင်  ညွှန်ကြားရေးမှူးတို့၏ Video Message များကို ပြသသည်။ 

 


ဆက်လက်ပြီး      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပထမဆုရရှိသည့် ဒေါ်မိုးမိုးသွင်(ရနံ့ချို-ဟင်္သာတ)၊ ဒုတိယဆုရရှိ သည့် ဒေါ်ငြိမ်းငြိမ်းစန္ဒာဝင်း(အမရာ)၊ တတိယဆုရရှိသည့် ဒေါ်နုနုအေး (နုနုအေး-ဇလွန်)၊  ဆောင်းပါး ပထမဆု ရရှိသည့် ဦးအာကာစံ(အာကာစံ)၊ ဒုတိယဆု ရရှိသည့် ဦးဇော်လွင်ဦး( ဇော်လွင်ဦး-ဟင်္သာတ)နှင့် တတိယဆု ရရှိသည့် ဦးမောင်သန်းညွန့် (စိမ်းညိုအောင်) တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။

 


ယင်းနောက် သယံဇာတနှင့်  သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော မြို့ကြီးများဆုရရှိသည့် ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးရဲနိုင်ကို ဆုပေးအပ်ချီးမြှင့်သည်။

 


ယင်းနောက်   ၂၀၂၂  ခုနှစ်  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်  အသိပညာပေး Video ကို     ပြသပြီး   အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာကာ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးကြသည်။

 


လှည့်လည်ကြည့်ရှု


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    အခမ်းအနား တက်ရောက်လာကြသူများသည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထား သည့် ပြခန်းများအားစိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်