
နေပြည်တော် ဇူလိုင် ၂၈
မြေဩဇာကော်မတီ (၃၆) ကြိမ် မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြေဩဇာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စိုက်ပျိုး သီးနှံများ ပိုမိုတိုးတက်ထုတ်လုပ် နိုင်ရန်၊ တောင်သူများ အရည် အသွေးပြည့်ဝသော မြေဩဇာများ ကို ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်ရန်အတွက် နိုင်ငံတော် က ဆက်စပ်ပြည်ထောင်စုဝန်ကြီး ဌာနများ ပါဝင်သော ယူရီးယား မြေဩဇာ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ စွမ်း အင်ဝန်ကြီးဌာနကလည်း ယူရီး ယား ခွဲတမ်းသတ်မှတ်ရေး ကော် မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ မြေဩဇာ ထုတ်လုပ်မှုပံ့ပိုးရေး အတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်(MRF)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာကို သဘာဝမြေဩ ဇာများဖြင့် တွဲဖက်အသုံးပြု ၍ သီးနှံအထွက်နှုန်းနှင့် အရည် အသွေးတိုးတက်ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက နည်း ပညာပေးခြင်း၊ လက်တွေ့ဆောင် ရွက်ပြသခြင်း၊ ပံ့ပိုးပေးခြင်း၊ သဘာဝမြေဩဇာ ထုတ်လုပ်သည့် လုပ်ငန်းများကို အားပေးကူညီ ခြင်းများ တိုးမြှင့်ဆောင်ရွက်သွား ရန် လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက် မြေဩဇာကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ ရဲတင့်ထွန်း က ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းများကို တင်ပြပြီး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင် များက သက်ဆိုင်ရာကဏ္ဍများ အလိုက် သုံးသပ်ဆွေးနွေးကြ သည်။
ထို့ပြင် အစည်းအဝေး၌ စိုက်ပျိုးရေး လုပ်ငန်းများတွင် ရွက်ဖျန်းမြေဩဇာအဖြစ် အသုံးပြု နေသော ပိုတက်စီယမ်နိုက်ထရိတ် ဓာတ်မြေဩဇာနှင့် ထိန်းချုပ် ဓာတု ပစ္စည်းစာရင်း၌ ပါဝင်ပြီး ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ် ရေးအဖွဲ့၏ ထောက်ခံချက်ပါယူရ မည့် ကွန်ပေါင်းမြေဩဇာများ ထုတ်လုပ်ရာတွင် အသုံးပြုနေ သော Ammonium Chloride ဓာတ်မြေဩဇာ ထောက်ခံချက် ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြေဩဇာထုတ်လုပ်ခွင့် လျှောက် လွှာ ၁၁၅ စောင်၊ မြေဩဇာ တင်သွင်းခွင့် လျှောက်လွှာ ၂၄၃ စောင်၊ မြေဩဇာမှတ်ပုံတင် သက်တမ်းတိုးခြင်း၊ ပယ်ဖျက်ခြင်း၊ ဖျက်သိမ်းခြင်း လုပ်ငန်းဆိုင်ရာ များကို ဆွေးနွေးဆောင်ရွက်ခဲ့ ကြပြီး မြေဩဇာကော်မတီ (၃၅) ကြိမ်မြောက် အစည်းအဝေးအထိ မြေဩဇာမှတ်ပုံတင် စုစုပေါင်း ၉၂၀၅ စောင်ကို ခွင့်ပြုပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်