
နေပြည်တော် ဇွန် ၂၀
သဘာဝဘေး အန္တရာယ် ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေး နိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များ သည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာ ဒေသများ၌ အင်တိုက် အားတိုက် ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိ ရာ ယနေ့တွင် ကျောက်ဖြူမြို့ ၌ ရောက်ရှိနေသည့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များသည် နယ်လှည့် ဆေးကုသရေးအဖွဲ့များ နှင့် ပူးပေါင်း၍ ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ကျောင်းတိုက်၌ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် အမှတ် (၃) ဆိပ်ကမ်းတံတားဘေး ရှိ ရေဆိုးမြောင်းအတွင်း၌ အမှိုက် များ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ ၎င်းအဖွဲ့ လုပ်ဆောင်ချက်များ အား ဒုတိယဗိုလ်ချုပ်ကြီး လူအေး လာရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ ဘူးသီးတောင်မြို့ ၌ ရောက်ရှိနေသည့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များသည် မြို့တွင်း ကားလမ်းမ ဝဲ/ယာ၌ သစ်ပင်၊ သစ်ကိုင်းများနှင့် ချုံနွယ် များကို ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
အလားတူ ရသေ့တောင်မြို့၌ရောက်ရှိနေသည့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့်ပူးပေါင်း၍ သာသနာ့ဗိမာန် ကျောင်း၌ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထို့အတူ စစ်တွေမြို့၌ ရောက်ရှိနေသည့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ပါဒလိတ်ကျေးရွာ၌ သစ်ပင်၊ သစ်ကိုင်းများနှင့် ချုံနွယ်များကို ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်း များနှင့် အောင်မင်္ဂလာကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့ ၌ ရောက်ရှိနေသည့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ၍ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်