
သာယာဝတီ ဧပြီ ၃၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်တွင် မြို့သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံ လမ်းဝဲ/ယာ တစ်လျှောက်၌ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းပြုလုပ်သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် သာယာဝတီ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်စည်သူနှင့် အဖွဲ့၀င်များ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များစုပေါင်း၍ ပြည်သူ့ ဆေးရုံအနီး လမ်းဘေးဝဲယာရှိ ပေါင်းမြက် များနှင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ခင်းပြင်တွင် စွန့်ပစ်ထားကြသည့် အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ရှင်းလင်းပြီး အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)