
နေပြည်တော် ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဏိရတနာ မြတောင်ကျောင်းတိုက် မြတောင်
သာသနာနှစ်တစ်ရာပြည့်ဗိမာန်တော်၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁/ ၂၀၂၂ ဖြင့် ဇန်နဝါရီ ၄ ရက်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် အဂ္ဂမဟာပဏ္ဍိတဘွဲ့ဆက်ကပ်ခြင်း ခံရသော နိုင်ငံတော်ဩဝါဒါစရိယ မဏိရတနာ မြတောင်ကျောင်းတိုက် အဓိပတိမဟာနာယက ဆရာတော် ဘဒ္ဒန္တအင်္ကုရအား ဂုဏ်ပြုပူဇော်ခြင်း အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ မဏိရတနာမြတောင်ကျောင်းတိုက် ဆရာတော် အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက် လာကြသူများက မြတောင်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ် တရားတော်များကို နာယူကြသည်။ ထို့နောက် မဏိရတနာမြတောင်ကျောင်းတိုက် အဓိပတိမဟာ နာယက ဆရာတော်ကြီး၏ ထေရုပ္ပတ္တိကထာကို မဏိရတနာမြတောင်ကျောင်းတိုက် ပဒေသာ ရွှေကျောင်း ဆရာတော် ဘဒ္ဒန္တရာဇိန္ဒက ဖတ်ကြား ပူဇော်သည်။
ဖတ်ကြားပူဇော်
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာတော်ဆိုင်ရာများလျှောက်ထားပြီး ဂုဏထု တိဝန္ဒနာရတုပိုဒ်စုံကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဖတ်ကြားပူဇော်သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြ သူများက သံဃာတော်များအား လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ အဆိုပါကျောင်းတိုက်ဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေများ လှူဒါန်းရာ မဏိစလလူမှုကူညီရေးအသင်းမှ တာဝန် ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက မဏိရတနာ မြတောင် ကျောင်းတိုက် သာယာဝင်းကျောင်းဆရာတော် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဘဒ္ဒန္တသာဂရာဘိဝံသ ထံမှ အနုမောဒနာတရားနာယူကြပြီး သံဃာတော် များအား သင်္ကန်း၊ အလှူငွေများနှင့် နေ့ဆွမ်း
ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်